နူးညံ့အိစက်တဲ့ မွေ့ယာမဟုတ်ပဲ သင်ဖျူးဖျားတစ်ချပ်ေပါ် မှာစောင်ကိုပွေ့ပြီးအိပ်နေတဲ့ကောင်လေးတစ်ယောက်.......ဖြူနုနုမျက်နှာပေါ်က ပျားပိတုန်းရောင်မျက်တောင်စိပ်စိပ်လေးတွေနဲ့ မထူမပါးမျက်ခုံးလေး....ပြီးနောက်..ပန်းဆီရောင်သန်းပြီးခပ်ချပ်ချပ်နှခမ်းသားလေးနဲ့ ကောင်လေးတစ် ယောက်ဟာ လောကကြီးနဲ့ခန အဆက်အသွယ်ဖြတ်ပြီး အိပ်စက်ခြင်းမှာ မွေ့ပျော်နေလေသည်...
ထိုလူသားလေးရဲ့ပုံစံက နူးညံ့မှုအတိ...ဖြူစင်မှုအတိ...အေးချမ်းမှုအတိ....ထိုလူသားသည်ကား...ဉီးနှောင်းလူ နဲ့ ဒေါ်ခေတ်စံပယ် တို့ရဲ့ တစ်ဉီးတည်းသော ရင်နှစ်သည်းချာ သားလေး.....နှောင်းခေတ်စျာန်..........
"သား....နှောင်းလေး... ..မေမေတို့ယာခင်းထဲသွားရအုံးမယ်ထတော့..."
"ဟုတ်မေမေ... သားထပြီ..."ထပြီ..ဟူသောအသံကိုပြုကာ...နှောင်းခေတ်စျာန် တစ်ယောက်အိပ်ယာသိမ်းနေလေသည်...
"သား...အတွက် မေမေ ကောက်ညှင်းပေါင်း ဝယ်ပေးထားတယ်...ဟို..ခေါင်းရင်းနားကတိုင်မှာ..ချိတ်ထားတယ်.."
"ဟုတ်မေမေ..သားတွေ့တယ်..."
"ဒါနဲ့ ဖေဖေ ရောဟင်..မတွေ့ပါလား.."မိမိ၏ သားဖြစ်သူ နှောင်းလေးဟာ ဖခင်ကို သိပ်ခင်တွယ်လေသည်...မနက်မိုးလင်းလို့ အိပ်ယာနိုးပြီဆိုရင် ပထမဉီးဆုံး မေးသောအရာသည်က 'ဖေဖေ..ရောဟင်..' ဟူ၍ ဖြစ်သည်....ဖခင်ဆိုသည်မှာလည်း သားဖြစ်သူကိုဆိုလျှင် ရိုက်မည် မပြောနဲ့ စကားကိုပင် လေသံမာမာနှင့် ပြောဖူးသည် မဟုတ်...သား..ဖြစ်သူကို သိပ်ချစ်တတ်လွန်းပေသည်...သားနှောင်းလေးကလည်း လိမ်မာရေးခြားလွန်စွာရှိပြီး...မိဘအပေါ် သိတတ်လွန်းရှာသော ကလေးတစ်ယောက်ဖြစ်သည်မို့...မိမိမှာ တစ်ဉီးတည်းသော သားဖြစ်သူလေးကို ပိုပိုကာ အချစ်တိုးရပြန်ပါသည်..
"သား.ဖေဖေက အစောကတည်းက ယာထဲဆင်းသွားပြီလေသားရဲ့.. မေမေက နှောင်းလေးကို စောင့်ကျန်ရစ်တာ..."
"မေမေကလည်း သားကို စောစောနှိုးမှပေါ့.."
"မေမေက နှောင်းလေး အိပ်ရေးမဝ မှာစိုးလို့ပါကွယ်...ပြီးတော့..သားဖေဖေက လည်း သူ့သားလေး အိပ်ရေးဝအောင်အိပ်ပါစေ..မနိုးပါနဲ့အုံးဆိုလို့..မေမေက မနှိိုးတာပါကွယ်..."
YOU ARE READING
𝑴𝒂𝒓𝒏-မာန် (Ongoing )
Aventuraချစ်ဆိုတဲ့အရာမှာ အရောင်ကန့်သတ်မှု နယ်ပယ်ဆိုတာမရှိဘူး ရင်ခုန်တိုင်းလည်း အချစ်လို့မခေါ်သလို သံယောဇဉ် တစ်ခုအတွက်ကြောင့်လည်း အချစ်ဟာ မပေါက်ဖွားနိုင်ပါဘူး .......