နွေဉီးရာသီဖြစ်တာကြောင့် မနက်5 နာရီဆိုကတည်းက နေရောင် တော်တော်လေးလာနေပြီဖြစ်သည်...နှောင်းတို့သား အမိနှစ်ယောက်လည်း မျက်နှာသစ် မနက်စာစားပြီးရော 7 နာရီထိုးပြီဖြစ်တဲ့ အတွက်ကြောင့် နေတော်တော်လေး မြင့်နေပြီဖြစ်သည်...အလုပ်လုပ်ရတာက နေမမြင့်ခင် လုပ်မှသာ အဆင်ပြေသည် နို့မို့ဆိုရင် ဒီလို နွေအပူရရှိန် နဲ့ လုပ်ရတာ သာမန်ရာသီ အလုပ်လုပ်ရတာ ထက်နှစ်ဆ ပိုပင်ပန်းသည် အပူရှိန်ကြောင့် ချွေးများလည်း မတရားထွက်သည်ဖြစ်သောကြောင့် ရေဓာတ်များလွန်စွာ ဆုံးရှုံးရပြီး အလွန်ပင်ပန်းသည်..ထို့ကြောင့် ဓာတ်ဆားကို ရေသန့်ဘူးနှင့် ဖျော်ကာ အမြဲဆောင်ထားရပေသည်...
"မေမေရေ...မပြီးသေးဘူး..7 နာရီတောင်ထိုးနေပြီ.."
"ခနလေးသားရေ...မေမေဒီမှာ ထမင်းချိုင့် ထည့်နေသေးလို့.... "
နှောင်းတို့ ယာခင်းနဲ့ အိမ်က အရမ်းကြီးမဝေးပေမယ့်လည်း အိမ်ကို တစ်ခေါက်ပြန်စားရန်ကတော့ နေပူပြင်ကြီးထဲ ဖြတ်သွားရမည် ဆိုးသောကြောင့် မေမေက မနက်စောစောထပြီး ထမင်းနဲ့ဟင်းကို ချက်ကာ ယာထဲသို့ ထမင်းချိုင့်ထည့်ယူလေသည်..
"ဟုတ်ကဲ့..မေမေ"
"သားရေ... ဓာတ်ဆားဘူးရော ထည့်ပြီးသွားပြီလား...."
"ဟုတ်မေမေ...ပြီးသွားပြီ..."
"ဒီ...သားအမိ ယာထဲ သွားေတာ့မလို့လား.."
"ဟုတ်..ဒေါ်လေးနှင်းရီ..."
ဒေါ်နှင်းရီဆိုသည်က နှောင်းတို့နှစ်အိမ်ကျော်က ေမမေ့ရဲ့ သူငယ်ချင်း ဖြစ်သည်...မိမိ မိခင်၏ ပြောမနာဆိုမနာ သူငယ်ချင်းတစ်ယောက်ဖြစ်ကာ အိမ်ချင်းနီးတော့ ဆွေမျိုအရင်းများလိုပင်...ဒေါ်နှင်းရီတွင်လည်း မိမိနှင့် ရွယ်တူ စောမင်းစံ လို့ခေါ်သော သားတစ်ယောက်နှင့် ပုံပုံ လို့ခေါ်သည့်သမီးတစ်ယောက်ရှိသည်....
"ဒါနဲ့ ငစောနဲ့ပုံပုံရော ဒေါ်ဒေါ်.."
"သားရဲ့သူငယ်ချင်းကလေ အိပ်ရာထဲ နှပ်လို့ကောင်းတုန်း...သူသာ အခုအချိန်နိုးရင် ဘုရားသာ ထပွင့်သွားမယ်...ကာလ နဂါးဝင်စား သလားအောက်မေ့ရတယ်...ပုံပုံလေးကတော့ ထမင်းအိုးကြည့်ကျန်ရစ်တယ်... "
YOU ARE READING
𝑴𝒂𝒓𝒏-မာန် (Ongoing )
Adventureချစ်ဆိုတဲ့အရာမှာ အရောင်ကန့်သတ်မှု နယ်ပယ်ဆိုတာမရှိဘူး ရင်ခုန်တိုင်းလည်း အချစ်လို့မခေါ်သလို သံယောဇဉ် တစ်ခုအတွက်ကြောင့်လည်း အချစ်ဟာ မပေါက်ဖွားနိုင်ပါဘူး .......