"Jaemin...ငါ့ကို စောင့်ဦးလေ"
"Jaemin...Jaemin"
"Jae..."
ကျွန်တော်ခေါ်နေတဲ့ အသံတွေ ရပ်တန့်သွားခဲ့ပါပြီ။အဲ့ဒါကတော့ ကျွန်တော့်ရှေ့က မြင်ကွင်းကြောင့်ပါ။
ကျွန်တော်သတင်းတွေကြားနေပေမဲ့ ကျွန်တော့်ကိုကျွန်တော်လိမ်ထားပြီးတော့ အဲ့အကြောင်းကို မတွေးမိအောင် နေခဲ့တာ။အခုတော့ ကျွန်တော့်မျက်စိရှေ့မှာ မြင်လိုက်ရပါပြီ။
ကျွန်တော်ခေါ်တာတွေကို လျစ်လျူရှုထားပြီးတော့ အဲ့ကောင်မလေးရဲ့ လက်ကိုတွဲပြီးတော့ စာသင်ဆောင်ထဲဝင်သွားတဲ့ Jaemin ကို ကျွန်တော်စိတ်မဆိုးရက်ပါဘူး။ ရုတ်တရက်မျက်ရည်ဝဲလာတာတွေကို မျက်တောင်ဆက်တိုက်ခတ်ပြီး တားဆီးလိုက်ပေမဲ့ မျက်ရည်တပေါက်ကတော့ ကျဆင်းသွားခဲ့သည်။
ဒါနဲ့ဆို သူ့ကြောင့်ကျရတဲ့ မျက်ရည်တွေအတော်များနေခဲ့ပါပြီ။
စာသင်ခန်းထဲရောက်တော့ သူတစ်ယောက်တည်းထိုင်နေတာမလို့ ကျွန်တော်လဲ သူ့ဘေးနားသာ ဝင်ထိုင်လိုက်သည်။ ကောင်မလေးနဲ့က မေဂျာမတူတာမလို့ ခံစားရတာ နည်းနည်းသက်သာသည်။
"Jaemin...ခုနက ငါခေါ်နေတာမကြားဘူးလား"
"မင်း ခေါ်သေးတာလား...ငါနားကြပ်တပ်ထားလို့ မကြားလိုက်ဘူး"
"အော်..."
တကယ်တော့ သူမကြားချင်ယောင်ဆောင်တာ ကျွန်တော်သိနေရက်နဲ့မေးမိပြန်တာပါ။ ကျွန်တော်သဘောကျနေမှန်းသိကတည်းက သူက ကျွန်တော်သိခဲ့တဲ့ Jaemin မဟုတ်တော့ပါ။
အခုမှ တဖြေးဖြေးသိလာရတာက Jaemin က ရက်စက်တဲ့နေရာမှာ အရမ်းတော်တယ်ဆိုတာပါပဲ...။
Presentation Day မလို့ တဖွဲ့ချင်းဆီ ထွက်ပြီးတော့ Presentation လုပ်ရသည်။သူနဲ့ကျွန်တော် အလှည့်ရောက်တော့ လူရှေ့ထွက်ရတာ ကြောက်တဲ့ကျွန်တော့်ကို သူကအမြဲကူရသည်။ ရှင်းပြနေပေမဲ့ ခြေဖျားလက်ဖျားတွေက အေးစက်လာပြီး အသံတွေပါ နည်းနည်းတုန်လာသည်။ အဲ့အချိန်မှာပဲ သူက ကျွန်တော့်လက်ကို လှမ်းကိုင်လိုက်ပြီးတော့ ဆက်ပြီးတော့ ရှင်းပြပေးသည်။
YOU ARE READING
Why can't we? S ~1(Unicode+Zawgyi)
Fanficသူငယ်ချင်းထပ်မပိုတဲ့ - Jaemin - သူမချစ်လဲ ကိုယ်ချစ်နေရင် ရပြီဆိုတဲ့ - Renjun -