[Unicode] (Just Story!!)
"အချစ်က မျက်နှာလိုက်တတ်တယ် တဲ့ ကိုကို"
ဆိုဖာတစ်ဖက်ထက် စာကျက်နေသည့် ကိုကိုဟာ
သူရှိရာဘက်ကို တစ်ချက်လှမ်းကြည့်လာသည်။
ထို့နောက် နှုတ်ခမ်းများကွေးညွတ်နေအောင် ပြုံးသည်။"အဘီကတော့ ဒါပဲပြောနေတယ်"
နေ့စဉ်နေ့တိုင်း ပြောနေကျစကားသည် ကိုကို့အတွက်
မထူးဆန်းသလို ဖြစ်နေပေမယ့် သူ့အတွက်တော့ နာကျင်ခံခက်စွာနဲ့ ပြောနေခဲ့ခြင်းသာ။
ကိုကိုရှိရာ ဆိုဖာတစ်ဖက်သို့ သွားပြီး ကိုကို့စာအုပ်ကို လုယူလိုက်သည်။ အရိပ်ပြ အကောင်မြင်ပါစေ ဟူသော
သဘောနဲ့ နေ့စဉ်ပြောနေသော်ငြား ကိုကိုကတော့
အကောင်မပြောနဲ့ သဲပွင့်လေးလောက်တောင် မြင်မလာ။
တမင်သက်သက် မမြင်ချင်ယောင်ဆောင်နေတာများလား ဟု ထင်မှတ်မိရအောင် ကိုကို့အပြုအမူတွေက သံသယဝင်ချင်စရာ မရှိပြန်။ ဘာပဲဖြစ်ပါစေ
ဒီနေ့တော့ ကိုကို့ကို အကောင်လိုက်ကြီးပြမှရပေတော့မည်။ယခင်နေ့တွေကလို ထိုစကားပြောပြီးသည်နှင့်
စာကျက်တတ်တဲ့ သူက ကိုကို့စာအုပ်ကို လုယူလိုက်တော့ ကိုကိုက နားလည်စွာ ပြုံးသည်။"အဘီ ပြောစရာရှိလို့လား"
"ကိုကို လူမှားနေတယ်"
"ဟင်?.. ဘာကိုလဲ"
"ကိုကို့ချစ်သူက ကင်ဆူဂျင်းမဟုတ်တဲ့ ဂျောင်ဟိုဘီ..
ကိုကိုချစ်စနိုးနဲ့ခေါ်တဲ့ အဘီဆိုတဲ့ ကျွန်တော်"ကိုကို့မျက်နှာ ကွက်ခနဲပျက်သွားသည်။
ကိုကို အကောင်လိုက်မြင်သွားပြီပဲ။"ကိုကို သူ့ကို ရိုးရိုးသားသားခင်မင်တာပါ"
"ရိုးသားပေလို့ပဲ.ကျွန်တော့်ထက်တောင် ဂရုစိုက်ပေးတယ်...ကိုကိုမျက်နှာလိုက်တာ လွန်လွန်းတယ်"
"အဘီက ကိုကို့ကို မယုံဘူးလား"
"မယုံတာမဟုတ်ဘူး.. .ကိုကို့ကို သတိပေးတာ...
ကိုကိုနှစ်ပတ်တိတိလျစ်လျှူရှူထားတာ ကိုကို့ချစ်သူ ကျွန်တော်လို့ ..."ပြောလက်စ စကားကို ခေတ္တရပ်ပြီး ကိုကို့မျက်နှာကို တစ်ချက်အကဲခတ်ကြည့်လိုက်မိသည်။
မည်းနက်သော မျက်ခုံးတန်းနှစ်ဖက် ထိကပ်လုမတတ် တွန့်ကွေးထားတဲ့ ကိုကိုသည် စိတ်ရှုပ်သွားတာမဟုတ်ဘဲ ဒေါသထွက်သွားခြင်းပင်။

YOU ARE READING
Once Again (Complete)
Fanfictionမစိမ်းသက်သော ဤနာကျင်မှုများ တစ်ဖန် ဖြစ်တည်လာခဲ့သော်..... မစိမ်းသက်သော ဤနာကျင်မှုများ တစ်ဖန် ဖြစ်တည်လာခဲ့သော်.....