part 9

202 21 4
                                    

မနက်ခင်းရဲ့ အလင်းတို့နဲ့အတူ ဆူညံနေသောပတ်ဝန်းကျင်။ ကြည့်နေကြသောသတင်းတစ်ပုဒ်~

"တိုက်ပေါ်ကပြုတ်ကျတဲ့ ကျောင်းသူအမှုဟာ လအတော်ကြာမှ အမှုမှန်ပေါ်ပေါက်သွားခဲ့ပါပြီ။ သတင်းပေး၏အကူအညီဖြင့် တရားခံကိုဖမ်းဆီးရမိခဲ့ပြီး မနက်ဖြန်ရုံးထုတ်မယ်လို့သိရပါတယ်။................. "

သတင်းများတွင် ထိုသတင်းသာ နေရာယူထားသည်~~~

Flash back

"မင်းဘယ်သူလဲ"

"မေးစရာရှိတယ်ပြောတာကျမပါ။ ဘာလို့အတင်းတွေ မေးနေတာလဲ။ ရှင်ဒီမိန်းကလေးကိုသိလား"

ဆိုပြီးထုတ်ပြလိုက်တဲ့ပုံတစ်ပုံ~

*ပုံကိုသေချာကြည့်လိုက်ပြီး ထိုမိန်းမရဲ့ပုံစံဟာ ကြောက်လန့်နေသယောင်*

"အဲ့_အဲ့တာ ငါ_ငါမသိဘူး"

"ကျမအားလုံးသိပြီးမှရောက်လာတာ။ ရှင်အမှန်အတိုင်းပြောပါ"

"မ_မရည်ရွယ်ပါဘူး။ ကျမ_ကျမ"

"ကျမကိုဖြစ်ပျက်ခဲ့သမျှ အားလုံးပြောပြ"
.
.
.
.
.
.
.
.
.
.

"သူရိုက်လိုက်တဲ့အရှိန်ကြောင့် ကျမယောင်္ကျားကို  ဆေးရုံသွားပြခဲ့တယ်။ ဆရာဝန်တွေကအကုန်စစ်ဆေးကြည့်တော့ သူ့မှာ အသည်းကင်ဆာရှိနေတယ်တဲ့လေ။ ကျမအရမ်းလန့်သွားခဲ့တာ။ သူကမူးချိန် သွေးဆိုးပင်မဲ့ ပြီးရင်ကျမကိုပြန်ချော့တယ်။ ကျမအပေါ်ကောင်းတယ်။ သူ့ကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အတွေးကြောင့် စိတ်ဂယောင်ချောက်ချားတွေဖြစ်ခဲ့တယ်။
အဲ့ကလေးမသာ သူ့ခေါင်းကိုမရိုက်ခဲ့ရင် ဒီလိုအဖြစ်ဆိုးကြုံရမှာမဟုတ်ဘူးဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေ ဝင်ခဲ့တယ်။ အဲ့တာကြောင့် ကျောင်းတံဆိတ်ထဲကအတိုင်း သူ့ကိုလာရှာခဲ့တယ်။ သူ့နောက်လိုက်ရင်း ညပိုင်းရောက်မှ ခေါင်မိုးထပ်မှာစကားပြောဖြစ်ခဲ့တယ်။ မရည်ရွယ်ပါဘူး။ သူ့ကိုစိတ်ဆိုးတာမှန်ပင်မဲ့ အော်ငိုပြီးရန်တွေ့ပစ်ချင်ခဲ့ယုံပါ။ ဒါမဲ့သူကရုန်းတော့ ရုန်းရင်းဆံခတ်တွေဖြစ်ကုန်ပြီး မတော်တဆပြုတ်ကျသွားတာပါ။ ကျမလည်းကြောက်ကြောက်နဲ့ထွက်ပြေးလာခဲ့တယ်။
ကျမကိုရဲမတိုင်ပါနဲ့နော်။ ကျမယောင်္ကျားဆေးကုဖို့ ပိုက်ဆံရှာရအုန်းမှာမို့ပါ။ ကျမတောင်းပန်ပါတယ်"

Eight(complete) Where stories live. Discover now