Chapter 17

4.5K 348 57
                                    

Unicode

Killing The Love I Hate Chapter 17

လိုက်ကာရှည်များချထားသည့် မှန်ပြတင်းပေါက်တို့ကိုကျော်လွန်၍ကြည့်လိုက်လျှင် မလှမ်းမကမ်းရှိအထပ်မြင့်တိုက်ခန်းများကိုမြင်ရနိုင်သော ကွန်ဒိုခန်းတစ်ခုတွင်ဖြစ်၏။

ညနေစောင်းအချိန်မို့ မြို့လယ်ခေါင်၏ညကတဖြည်းဖြည်းအသက်ဝင်လာပြီး ဝါဝါလဲ့လဲ့ ကားမီးရောင်များက ကားလမ်းတစ်လျှောက်လုံးကို မြစ်များလိုစီးဆင်းနေသည်။ AC မှလေက တစ်ခန်းလုံးကို အေးနေစေသောကြောင့် ဂစ်တာကြိုးတို့ကိုထိတွေ့နေသော မိုးသားလက်များကတောင့်တင်းထုံကျင်လာသည်။ သို့သော် မိုးသားဟာ ရပ်တန့်သွားခြင်းမရှိဘဲ ဂစ်တာကြိုးကိုဖွဖွတီးခတ်နေပေသည်။

"မိုးသား......"

အိပ်မောကျနေရာမှနိုးလာသော မင်းစေလင်းစက်သည် ကုတင်စွန်းတွင်ထိုင်ကာ ဂစ်တာကို တိုးတိုးညင်ညင်တီးခတ်နေသော မိုးသားအနားကိုရွေ့လျားသွားပြီး လှဲနေလျက်နှင့်ပင်
မိုးသားခါးကိုအနောက်မှလှမ်းဖက်ထားလိုက်သည်။ မင်းစေလင်းစက် လက်တို့ကသူ့ခါးကိုဖက်ထားသည်ကို သိလိုက်ရသော်လည်း မိုးသားကတော့ ဘာကိုမှတုန့်ပြန့်လာခြင်းမရှိ။ သူ့လက်ထဲမှဂစ်တာကြိုးများကိုသာ ဖွဖွကလေးတီးခတ်နေသည်။ တစ်ခါတစ်ခါ သာယာသည့်သံစဥ်များထွက်ပေါ်လာသောအခါ မိုးသားနှုတ်ခမ်းများက အလိုအလျောက်ပြုံးမိသွားသည်။

"အစ်ကို့ဂစ်တာသံကနားထောင်လို့ကောင်းတာပဲ...."

မင်းစေလင်းစက် စကားကိုကြားလိုက်ရသောအခါ မိုးသား ဟာတီးခတ်နေသည့်လက်တို့ကိုချက်ချင်းရပ်ပစ်လိုက်၏။ ထို့နောက် မျက်နှာကိုမဲ့၍ဂစ်တာကိုလည်း နံဘေးသို့ပြန်ချထားလိုက်သည်။

"ဟာ....မတီးတော့ဘူးလား......"

"အင်း......"

မိုးသားသည် တိုတိုတုတ်တုတ်ပြောပြီး မင်းစေလင်းစက်များကို ဖြုတ်ပစ်ရန်ကြိုးစားလိုက်သည်။ ထိုအချိန်မှာ မိုးသားဖုန်းဟာ 'တောင်' ခနဲအသံမြည်လာပြီး ဖုန်းစခရင်ကလည်းမီးလင်းလာသည်။ မိုးသားကောက်ကိုင်လိုက်တော့ ငွေယံက Facebook post တစ်ခုတင်ထားသည်ကိုတွေ့ရပြီး ထို post ရဲ့ notification ဟာသူ့ဆီမှာလာတက်နေခြင်းဖြစ်သည်။

Killing The Love I Hate (BL OC) COMPLETE Where stories live. Discover now