Chapter 28

3.6K 287 60
                                    

Unicode

Killing The Love I Hate Chapter 28

နောက်တစ်နေ့မနက်မိုးသားနိုးလာတော့ သူက ငွေယံ့အခန်းထဲမှာအိပ်နေခဲ့တာကို သိရပြီး ငွေယံကတော့မရှိ။ မိုးသားသည် အနည်းငယ် ကိုက်ခဲနေသောခေါင်းကို နှိပ်နေရင်းအခန်းထဲမှထွက်လာမိသည်။ ထိုအခါ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ငွေယံက မှောက်ပြီး ဂိမ်းဆော့နေတာကိုတွေ့ရပြီး မီးဖိုဘက်မှ ဦးဥာဏ် မနက်စာအတွက်ပြင်ဆင်နေသောအသံကိုကြားလိုက်ရသည်။ နာရီကိုကြည့်လိုက်တော့ မနက်ခုနှစ်နာရီခွဲသာရှိသေး၏။

သူ့ခြေသံတရှပ်ရှပ်ကိုကြားသောအခါ ငွေယံကမျက်လုံးထောင့်စွန်းလေးကိုရွေ့လျားကာ မိုးသားကိုလှစ်ခနဲကြည့်လိုက်ပြီး သူမနက်စောစောသွားဝယ်ထားသော သွားတိုက်တံအသစ်တစ်ချောင်းကို ထိုးပေးသည်။ သို့သော် မိုးသားကိုတော့ တည့်တည့်မကြည့်ဘဲ အကြည့်ပြန်လွှဲပစ်လိုက်၏။

"သွားတိုက်ဆေးနဲ့ မျက်နှာသစ်ဆေးကတော့ငါ့ဟာပဲသုံးလိုက်.....မျက်နှာသုတ်ပဝါကတော့ ဦးဥာဏ်ဆီမှာသွားတောင်း....."

မိုးသားက သွားတိုက်တံလေးကိုလှမ်းယူလိုက်သောအခါ ငွေယံက သူ့ကိုအာရုံမစိုက်တော့ဘဲ ဂိမ်းသာဆက်ဆော့နေသည်။ မနက်ခင်းစောစောဖြစ်ပြီး ဦးဥာဏ်ကလည်းရှိနေသည်မို့ မိုးသားဟာ ဘာမှမပြောတော့ဘဲ ငွေယံပြောတာကိုသာ လိမ်လိမ်မာမာလေးနားထောင်ပြီး ငွေယံပြောသလိုလုပ်လိုက်သည်။

မျက်နှာသစ်သည့်ကိစ္စပြီးသွားတော့ မိုးသားက မီးဖိုထဲဝင်သွားကာ ဦးဥာဏ်ကိုကူပေးနေမိသည်။

"သားပိုင်.....ညကဘယ်လိုဖြစ်တာတုန်း....မင်းမေမေဆီပြန်ရမှာကိုကွာ....ဟိုမှာတကယ်စိတ်ဆိုးနေတာ...ဒီနေ့အိမ်ပြန်ပြီး မင်းမေမေကိုချော့လိုက်အုံး ကြားလား...."

"ဟုတ် ကျွန်တော်ပြန်မှာပါ....."

မိုးသားက ပန်းကန်များပြင်နေရင်း ဦးဥာဏ်နားကို တိုးလို့သွားသည်။ ထို့နောက် ငွေယံမကြားအောင် ခပ်တိုးတိုးမေးလိုက်၏။

"ဟို....မနေ့က ခြယ်နဲ့ကိစ္စကို ယံယံ့ ကိုပြောပြလိုက်ပြီလား ဦးဥာဏ်......"

Killing The Love I Hate (BL OC) COMPLETE Where stories live. Discover now