စံအိမ်ကြီးရဲ့အခန်းတစ်ခန်းမှာအိပ်မောကျနေတဲ့ကောင်လေးတစ်ယောက်
အိပ်နေတယ်ဆိုတာထက်သတိလစ်နေတယ်ဆိုပိုမှန်လိမ့်မယ်သူ့နာမည်ကဇင်ရော်လင်း
သူငယ်ချင်းတွေကတော့ရော်ျရာ်လို့ပဲခေါ်တယ်မိဘမဲ့လဲဖြစ်သလိုဆွေမျိုးလဲမရှိတဲ့အတွက် ကျောင်းနားပြိးကလပ်တစ်ခုမှာအချိန်ပိုင်းလုပ်လုပ်ပြီးဝမ်းစာရှာနေရသူလေး
တနေ့အလုပ်ကအိမ်အပြန်မှာနှာေခါင်းကိုလာအုပ်တဲ့ပုဝါမှစိမ်းရွှင်ရွှင်အနံ့ကြောင့်မေ့လဲသွားရာမှအခုအခန်းထဲရောက်နေခြင်း
"အင်း"
ကုတင်ပေါ်မှ ရော်ရော် တစ်ယောက် သတိရလာခဲ့တယ်" ဟင် ဒါဘယ်နေရာလဲ
ဟင့်..ငါ..ငါ့ကို ပြန်ပေးဆွဲလာတာများလား"
ပြောနေရင်း ကြောက်လန့်လာတာကြောင့် တံခါးဆီအပြေးသွားပြီး ဖွင့်တော့ တံခါးကဖွင့်မရခဲ့..."ဟင့်...စောက်တံခါးကလဲ ဘာလို့ဖွင့်မရတာလဲ မသိဘူး"
တံခါးဖွင့်မရတဲ့အဆုံး ကုတင်ပေါ်ပြန်တက်ပြီး ထိုင်ငိုနေလိုက်တယ်
"ဟင့်...ဟီး...ဟီး...ဘယ်လူဆိုး ကောင်ကဖမ်းထားတာလဲ မသိဘူး".
"ပြန်ပေးဆွဲတယ်ဆိုလဲ ပေးစရာပိုက်ဆံလဲ မရှိပါဘူးဆိုမှ...အူးဝါး😭"
ဒါကို CCTV မှတစ်ဆင့် ကြည့်ပြီး ပြုံးနေသူတစ်ယောက်လဲ ရှိနေတယ်....