Zawgyiကျန်းချန် ဒီနေ့ထိ ဇီးထျန်းတောင်မှာပဲ
နေတာ တပတ်လောက်ပင်ရှိပီ...အကိုတော် ကိုလဲ သွားမတွေ့ဖြစ်တာထက်
မတွေ့ရဲတာပါ...သူနားလည်သွားပါပီ အကိုတော်က
သူ့အတွက် ပြောခဲ့တာမဟုတ်လား...မိဘတွေ မရှိတော့ကတည်းက
သူ့ကို အကောင်းဆုံး စောင့်ရှောက်
ပေးခဲ့တယ် ပြုစုပျိုးထောင်ပေးခဲ့တဲ့
အကိုတော် အပေါ် အားနာမိသည်
သူ အရမ်း ဆိုးခဲ့တယ် မဟုတ်လား..."သခင်လေး အရှင်က နန်းတော်ကို
ပြန်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"အတွေးများနေတုန်း အစေခံ
တယောက် လာပြောတာမို့..."မပြန်ချင်သေးဘူး တရက်နှစ်ရက်လောက်
နေရင် ပြန်ခဲ့မယ်လို့ ပြောလိုက်"သူ အကိုတော်နဲ့ မတွေ့ချင်သေးပါ...
အခက်တွေ့သွားတဲ့ အစေခံကတော့
သူတို့ အရှင်သခင် မှာလိုက်တဲ့အတိုင်း
ပြောရတော့ သည်..."ပြန်မလိုက်လို့ မရပါဘူး
အရှင်က မရရတဲ့နည်းနဲ့ ခေါ်ခဲ့ဖို့
ပြောလိုက်တာမို့ အသာတကြည်ပဲ
လိုက်ခဲ့ပေးပါ "ဟုတ်တာပေါ့ သူက မိစ္ဆာ မင်းသား
ဖြစ်နေလို့သာ သူက အသုံးကျတာ
ဘာမှမရှိ မဟုတ်ရင် သူ့ကိုဘသူဆို
တိုက်ဖို့ နှစ်ခါပင် စဉ်းစားမည်မဟုတ်
သူက မတက်ပါ..."ကျစ်' ပြီးရော လိုက်ခဲ့မယ် "
.................
ကျန်းချန် နန်းတော် ပြန်ရောက်တော့
အကိုတော် အဆောင် သွားလိုက်သည်...အဆောင်တော်ထဲတွင် ထိုင်နေသော
အကိုတော် ကို..."အကိုတော် ကို ဂါဝရပြုပါတယ်"
ရွှယ်ယမ် ပြုံးလိုက်ပီး ညီဖြစ်သူကို...
"စိတ်ဆိုးနေတုန်းလား အားချန် ထိုင် "
ကျန်းချန် စိတ်မဆိုးတော့ ပါ
စိတ်ဆိုးမိတဲ့ မိမိကိုယ်ကို သာ
မကျေမနပ် ဖြစ်နေခဲ့တာ...ကျန်းချန် စားပွဲတွင် ဝင်ထိုင်လိုက်ပီး...
"ဟင့်အင်း ကျနော် အကိုတော်ကို
တောင်းပန်ပါတယ် ကျနော် အကိုတော်
စကား နားထောင်သင့်တာပါ"
![](https://img.wattpad.com/cover/289026944-288-k857544.jpg)
YOU ARE READING
Quadrille💙💜
Fanfiction(Zawgyi / Unicode) ရှီးချန် /ကျန်းချန် "ငါ့လို ကောင်းကင်နတ်ဘုရားက မင်းလို မိစ္ဆာလေး တယောက် ကို ချစ်မိမယ်လို့မထင်ထားခဲ့ဘူး" "မိစ္ဆာ နဲ့ နတ်ဘုရားက ကြိုက်လို့ရတယ်လား" ရှီးချန် /ကျန်းချန် "ငါ့လို ကောင်းကင်နတ်ဘုရားက မင်းလို မိစာၦလေး တယောက် ကို ချစ်မိမယ်လိ...