Zawgyi
*******အင်းစိန်ထောင်...
လူအများတိုးဝှေ့လှုပ်ရှားသွားလာလျက် အတွင်းမှမိသားစု(သို့မဟုတ်)သူငယ်ချင်း စသည့် သက်ဆိုင် ပတ်သက်သူများကို လွတ်ရက်ကြိုနေကြသည်။
ရေခဲ လွယ်အိတ်ကိုအထုံးချည်လို့ ပခုံးမှာတင်ပြီးထောင်စောင့်ဆီက ဆေးလိပ်တောင်းသောက်လိုက်သည်။
"ဦးငဖီး တန်းစီးအသစ်ရှာရင် သတိထားနော်"
"ရေခဲ မင်းလည်းလိမ္မာတော့...
အဲ့ကောင်တွေနဲ့အဆက်အသွယ်ထပ်မလုပ်နဲ့။ မင်းတို့လို လူတွေလမ်းမှားရောက်ရင် ပြန်လမ်းမဲ့မှာစိုးလို့ငါပြောနေတာ..."ရေခဲ ပခုံးတွန့်လိုက်ပြီး ဆေးလိပ်ဖွာကာပြင်ပသို့ထွက်ခဲ့သည်။ ဦး ငဖီးကို ဟုတ်သည်လည်းမပြော၊
မှားသည်လည်းမပြော။ သူ့စိတ်ထဲရှိတာ အိမ်မှာစောင့်နေသူ..."ငါ့ရှေ့ကဖယ်စမ်း..."
ကြီးနိုင်ငယ်ညှဉ်းနဲ့အနေများလာတဲ့ရေခဲက စိတ်ကြမ်းလူကြမ်းမို့ လူအုပ်ထဲ ပိတ်နေသူများ လမ်းဖွင့်ပေးလိုက်ရသည်။ သူ့လက်တစ်ဖက်တည်းနဲ့အတွန်းခံရသူက ချောင်ကပ်သွားသည်။
"ဟေ့ကောင် ရေခဲ... မင်းရပ်ကွက်ပြော...
ငါတို့မကျေပွဲဆက်နွှဲမယ်"ထောင်တွင်းလူမိုက်အဖွဲ့ စိုးညီ တို့အုပ်စုက တားတော့ ရေခဲ ဆေးလိပ်ကိုသူ့ဘက်တောက်ထုတ်လိုက်သည်။
"ခွေးမသား..."
မီးပွားတွေစင်သွားလို့ စိုးညီ ရေခဲမျက်နှာကို လက်သီးတစ်ချက်သွင်းလိုက်တော့ လေသာထိုးမိကာ သူ့နောက်စေ့မှာဆေးလိပ်မီးကြောင့်ကွက်သွားသည်။
"မင်းကအားယားလို့ ထောင်ထဲကမထွက်ချင်ပေမဲ့ ငါကမထွက်လို့မရဘူး။ငါ့ဆိုင်သူစောင့်နေတယ် ခွေးသူတောင်းစား..."
ရေခဲ အစောင့်ပေးလိုက်တဲ့အကြွေနဲ့ outside ကားပေါ်တက်သွားတော့သည်။
"ဆရာညီ မပူပါနဲ့။အဲ့ကောင်လိပ်စာသိတဲ့လူရှိတယ် တစ်ကွေ့မကြုံ တစ်ကွေ့ပေါ့..."
YOU ARE READING
Red Lotus🌺ကြာပန်းနီနီမွှေးလွန်းလေသည် (Completed)