Zawgyi
*******နေဝင်အိပ်တန်းတက်ချိန် ဆိုက္ကားသိမ်းရင်း ဟင်းစားလေးဝယ်လို့ အိမ်ပြန်လာလိုက်သည်။ ဘာရယ်မဟုတ် ကိုယ်က သတိတရ ဝယ်လာပေးရင် ဘယ်သူမဆို နှစ်သက်ကြတာပဲလေ...
ခေါက်ဆွဲဆိုင်လည်း သိမ်းနေပြီကို ရိပ်ကမတွေ့ရတော့ သားနဲ့ဆော့နေတဲ့သက်ဇင်ကိုသာမေးရသည်။
"သက်ဇင်... ရိပ်ရော"
"ကုန်စုံဆိုင်သွားတာထင်တယ်။ ခဏနေ ပြန်လာမှာပေါ့ မင်းကလည်း မျက်စိအောက်ကပျောက်လို့မရ..."
"အချိန်လည်းကြည့်ဦးလေ ငါအခုပဲ အဲ့ဘက်ကပြန်လာတာ မတွေ့ခဲ့ပါဘူး"
တစ်နေ့တည်းလည်းမဟုတ်၊ ဒီတစ်ပတ်ထဲအိမ်ပြန်လာတိုင်းရိပ်ကိုမတွေ့ရတော့ လူကအလိုလိုစိတ်တိုလာသည်။
"မောင် စောသားပဲ"
ခြံထဲ နှုတ်ဆက်သံလေးကြားမှ ရေမချိုး၊မိုးမချိုးပေစုတ်စုတ်ထိုင်နေရာက ထသွားလိုက်သည်။
"ဘယ်တွေသွားနေတာလဲကွာ နွားရိုင်းသွင်းချိန်တောင်ရောက်နေပြီ"
"ဪ မင်းက ငါ့ နွားလို့ပြောတာပေါ့လေ"
"စကားလမ်းကြောင်းမလွှဲနဲ့။ ဘယ်ကပြန်လာလဲပြော"
သက်ဇင်ပြောသလို ဈေးဝယ်လည်းမဟုတ်တန်ရာ။လက်ထဲဘာမှမပါဘဲ...
"ရွာဦးကျောင်းခဏသွားတာပါ။ သားလေးစာသင်မလားလို့"
"အဲ့ဒါက နေ့တိုင်းသွားဖို့လိုလား။"
ရေခဲက ဆက်ရစ်နေတော့ စိတ်ရှုပ်လာပုံပေါက်သည်။ လူကိုတွန်းထုတ်ပြီး အိမ်ပေါ်တက်လို့ သွားသည်။
*ဟင်း... ဘာဖြစ်နေပြန်ပြီလဲ ရိပ်ရာ"
သက်ဇင်ကို ရိပ်ဆူပူပြီး မောင်နဲ့စကားများရပုံကို
ပြန်ဖောက်သည်ချသည်။"အဲ့ဒါ ငါ့ကြောင့်မှမဟုတ်ဘဲ မင်းလူကိုကမင်းမမြင်ရင်နို့စို့ကလေးအမေပျောက်သလို အော်နေတာ"
"မင်းနော်!!"
ရိပ်ရှက်ရှက်နဲ့ထအော်တောင်မရပ်။ဆက်စနေတော့ လက်ထဲက ထန်းမြစ်နဲ့ကောက်ရိုက်ရသည်။
YOU ARE READING
Red Lotus🌺ကြာပန်းနီနီမွှေးလွန်းလေသည် (Completed)