- Unicode
တိတ်ဆိတ်နေတဲ့ညတညမှာမြင်းခွာသံတွေ လူတွေနာကျင်လွန်းတဲ့အော်သံတွေကိုအထင်းသားကြားနေရသည်
' ဒိုင်း '
သေနတ်သံတချက်နဲ့အတူမြင်းခွာသံတွေရပ်တန့်သွားသည် မြင်းပေါ်မှလူတယောက်ကလဲကျသွားတဲ့လူကိုပြုံးပြီးကြည့်လိုက်သည်
" သခင်လေး ဒီအလောင်းကိုဘာလုပ်လိုက်ရမလဲဗျ "
ထိုလူရဲ့နောက်လိုက်ဖြစ်ဟန်လူတယောက်ကအရိုအသေပေး၍မေးလိုက်သည်
" အဟက် ကိုယ်ကလူသေအလောင်းကိုဖက်အိပ်ဖို့လုပ်မယ်လို့မောင်ရင်ထင်လား "
" ဟင် မထင်ပါဘူး မထင်ပါဘူး သခင်လေး "
ထိုလူရဲ့ပြာပြာသဲသဲဖြေသံကြောင့်သူပြုံးမိသည်" အဲ့ဆိုဘာလုပ်ရမလဲသိရော့ပေါ့ မောင်ရင်ရဲ့"
" ဟုတ်ကဲ့သခင်လေး ကျနော်စကားမှားသွားပါတယ် "
ထိုလူရဲ့ကြောက်ရွံ့နေတဲ့မျက်ဝန်းတွေကသိပ်လှတာတော့သူမညာခဲ့ဘူးလေ
" အဟွန်း "
ရီသံတချက်နဲ့အတူထိုလူကဖြေးညင်းစွာလမ်းလျှောက်၍ပျောက်ကွယ်သွားသည်
-
လက်ရှိကာလမှာလူတယောက်လန့်နိုးလာတယ်
ထိုလူရဲ့မျက်ဝန်းတွေကလွမ်းဆွတ်မှုအထင်းသား" မောင်တော့ကိုကို့ကိုသတိရနေပီထင်ပါရဲ့ အခုရောမောင့်ဆီပြန်လာတော့မယ်မလားကိုကို"
ခြေရင်းကခွေးနက်လေးကလည်းသခင်ရဲ့စကားကိုနားလည်စွာတအိအိနဲ့ရှိုက်နေလေရဲ့
ထိုလူရဲ့မျက်ဝန်းတွေကတော့တစုံတယောက်ကိုလွမ်းဆွတ်နေသယောင်ပေ ။ ဘယ်အရာတွေကများဒီလိုပြည့်စုံတဲ့လူကိုလွမ်းဆွတ်စေတာလဲ
- Zawgyi
တိတ္ဆိတ္ေနတဲ့ညတညမွာျမင္းခြာသံေတြ လူေတြနာက်င္လြန္းတဲ့ေအာ္သံေတြကိုအထင္းသားၾကားေနရသည္
' ဒိုင္း '
ေသနတ္သံတခ်က္နဲ႕အတူျမင္းခြာသံေတြရပ္တန့္သြားသည္ ျမင္းေပၚမွလူတေယာက္ကလဲက်သြားတဲ့လူကိုၿပဳံးၿပီးၾကည့္လိုက္သည္
" သခင္ေလး ဒီအေလာင္းကိုဘာလုပ္လိုက္ရမလဲဗ် "
ထိုလူရဲ႕ေနာက္လိုက္ျဖစ္ဟန္လူတေယာက္ကအရိုအေသေပး၍ေမးလိုက္သည္
" အဟက္ ကိုယ္ကလူေသအေလာင္းကိုဖက္အိပ္ဖို႔လုပ္မယ္လို႔ေမာင္ရင္ထင္လား "
" ဟင္ မထင္ပါဘူး မထင္ပါဘူး သခင္ေလး "
ထိုလူရဲ႕ျပာျပာသဲသဲေျဖသံေၾကာင့္သူၿပဳံးမိသည္" အဲ့ဆိုဘာလုပ္ရမလဲသိေရာ့ေပါ့ ေမာင္ရင္ရဲ႕"
" ဟုတ္ကဲ့သခင္ေလး က်ေနာ္စကားမွားသြားပါတယ္ "
ထိုလူရဲ႕ေၾကာက္႐ြံ႕ေနတဲ့မ်က္ဝန္းေတြကသိပ္လွတာေတာ့သူမညာခဲ့ဘူးေလ
" အဟြန္း "
ရီသံတခ်က္နဲ႕အတူထိုလူကေျဖးညင္းစြာလမ္းေလွ်ာက္၍ေပ်ာက္ကြယ္သြားသည္
-
လက္ရွိကာလမွာလူတေယာက္လန့္နိုးလာတယ္
ထိုလူရဲ႕မ်က္ဝန္းေတြကလြမ္းဆြတ္မႈအထင္းသား" ေမာင္ေတာ့ကိုကို႔ကိုသတိရေနပီထင္ပါရဲ႕ အခုေရာေမာင့္ဆီျပန္လာေတာ့မယ္မလားကိုကို"
ေျခရင္းကေခြးနက္ေလးကလည္းသခင္ရဲ႕စကားကိုနားလည္စြာတအိအိနဲ႕ရွိုက္ေနေလရဲ႕
ထိုလူရဲ႕မ်က္ဝန္းေတြကေတာ့တစုံတေယာက္ကိုလြမ္းဆြတ္ေနသေယာင္ေပ ။ ဘယ္အရာေတြကမ်ားဒီလိုျပည့္စုံတဲ့လူကိုလြမ္းဆြတ္ေစတာလဲ