2

537 48 0
                                    

- Unicode

" ဂျိတ် "

ခေါ်သံနဲ့အတူသူ့ပခုံးပေါ်ကိုတင်လိုက်တဲ့လက်ကြောင့်ဂျိတ်မဲ့သလိုဟန်လုပ်လိုက်သည်။

" ဘာလဲ "

" မင်းကစိမ်းကားလိုက်တာကွာ "

ထိုလူကငိုမယ့်ပုံလုပ်ပြလိုက်တော့ဂျိတ်ထိုလူအားနရင်းပိတ်အုပ်လိုက်သည်

" အပိုတွေလုပ်မနေနဲ့ မင်းဂျူ "

" ငြိုငြင်နေတာလားဟျောင့် "

" ဒီတသက်ငါတို့ကျောင်းရောက်အုန်းမှာလား "

ဒွမ်မာခင်းဖို့ပြင်နေတဲ့မင်းဂျူကိုဂျိတ်ပြောလိုက်သည်

" ဟုတ်သားကွ ဒီနေ့တော့ကျောင်းတက်ရမယ်ကွာ ဘယ်ကောင်မလေးများညကျအခန်းထဲရောက်မလဲစိတ်ဝင်စားစရာပဲ "

ဂျိတ် ကျောင်းထဲပင်မဝင်ရသေးပဲနှာရောဂါထနေတဲ့အကောင်ကိုနရင်းပိတ်အုပ်လိုက်သည်

" နာတယ်ကွ ဘယ်လိုဖြစ်နေတာလဲမင်း "

" သွားမယ် လာ အခုမှကျောင်းအသစ်ရောက်တယ်ဖွန်ဖို့စဥ်းစားနေပီ "

ဂျိတ်ပြောရင်းနဲ့အရှေ့မှလျှောက်လာလိုက်သည်

မင်းဂျူစဥ်းစားမရပေ ဒီလိုသူဌေးသားကဘာလို့များလမ်းလျှောက်လာပါလိမ့် တော်တော်လှမ်းနေတဲ့ဂျိတ်ကိုတွေ့မှနောက်ကပြေးလိုက်ရလေသည်

" ဟျောင့် စောင့်ပါအုန်းဆို "
-

" သားတို့ကအသစ်ပြောင်းလာတဲ့ကျောင်းသားတွေလား "

" ဟုတ်ကဲ့တီချယ် "

ထိုဆရာမကထူးဆန်းသလိုကြည့်သည်
အေးလေ ဘယ်သူကမထူးဆန်းပဲနေမှာလဲ နောက်ဆုံးစာမေးပွဲဖြေဖို့တလလောက်ပဲလိုတော့တဲ့အချိန်မှကျောင်းပြောင်းလာတဲ့လူတွေလေ

အကြောင်းရင်းကိုပြောရမယ်ဆိုရင်သိပ်ဆိုးတဲ့အပြစ်တော့မဟုတ်ပါ အရင်ကျောင်းအုပ်ကြီးရဲ့တူမကိုရည်းစားစာပေးတာတူမဆီမရောက်ပဲသူ့ဦးလေးကျောင်းအုပ်ဆီရောက်သွားတာပင် အစထဲကရည်းစားပွေတဲ့သူတို့နှစ်ယောက်ကိုအမြင်မကြည်တဲ့ကျောင်းအုပ်ကအတင်းကျောင်းထုတ်တာပဲ ဒါတောင်မှသူ့အဖေကရေနည်းနည်းလောင်းခဲ့၍ အခြေနေကထင်သလောက်မဆိုးတာပင်

Stalker [ jaĸeнoon ] Where stories live. Discover now