Ch-1 : ပြန်လည်မွေးဖွားခဲ့ပြီ

2K 171 4
                                    

ရုန်မြို့တွင် လူအများ အံ့သြစေသော သတင်းမှာ လန်မိသားစုနှင့် မိုမိသားစု တို့ လက်ထပ်ထိမ်းမြားခြင်းဆိုသော သတင်းပင်ဖြစ်သည်။

မိုမိသားစုသည် အလွန်အာဏာကြီးကြောင်း လူတိုင်းသိသည်။  သူတို့ရဲ့ ထူးခြားတဲ့ အဆင့်အတန်းနဲ့ ပြောတဲ့စကားတွေသည်  ဒီရေကိုတောင်  ပြောင်းလဲစေနိုင်တယ်လို့ ဆိုကြသည်။

ထို့အတွက်ကြောင့် လန်မိသားစုသည် မိုမိသားစုနှင့် ဆက်နွှယ်မှုသည် ကောင်းချီးတစ်ခုဟု လူတိုင်းက ထင်ခဲ့ကြသည်။

သို့သော် မိုမိသားစု၏ အသက်အကြီးဆုံး သခင်ငယ် မိုဂျင်ရုန် သည် ရုပ်ဆိုးပြီး အသက်ကြီးကာ ဇနီးဖြစ်သူကို သေစေနိုင်စေသည်ကို လျှို့ဝှက်စွာ သိထားကြသည်။

မိုဂျင်ရုန် တွင် စေ့စပ်ထားသူ ငါးဦးအထိ ရှိခဲ့ဖူးသည်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း သူတို့အားလုံးသည် သူတို့၏ လက်ထပ်ပွဲအကြိုတွင် မတော်တဆမှုများနှင့် ဆုံတွေ့ခဲ့ကြရသည်။

ပိတ်ကာထားသောနံရံများနောက်တွင် ရုန်မြို့မှလူများက မိုဂျင်ရုန်သည်  အမှန်တကယ်လူများကိုစားနိုင်သည်ဟု ထင်ခဲ့ကြသည်။

....

"အဖွား မသွားချင်ဘူး၊ မိုဂျင်ရုန် ကို လက်မထပ်ချင်ဘူး"

လန်မိသားစု၏ အိမ်ကြီးတွင် လှပစွာ ၀တ်စားဆင်ယင်ထားသော မိန်းကလေးငယ်တစ်ဦးသည် အဘွားအိုကို ငိုရှိုက်ကာ ပြောနေလေသည်။

"ချစ်မြေး၊ သူတို့က မိုမိသားစုလေ။  မြေးသာအိမ်ထောင်ကျပြီးရင် မြေးက အဆုံးမရှိတဲ့ ဘုန်းကျက်သရေနဲ့ စည်းစိမ်ဥစ္စာတွေကို ခံစားရုံမကပဲ  မြေးက ရုန်မြို့တစ်ခုလုံးရဲ့ အလေးစားခံရဆုံး ဖြစ်လာလိမ့်မယ်"

ဟု အဘွားအိုက နာကျင်သောအမူအရာဖြင့် ချော့ ပြောနေသည်။

"ဒါပေမယ့် မိုဂျင်ရုန် က အသက်ကြီးပြီး ရုပ်ဆိုးတယ်လေ ပြီးတော့  သူ့မှာ နာမည်ဆိုးတွေလဲ ရှိသေးတယ်။  အဘွား သမီး ကြောက်တယ်"

ကောင်မလေး၏ မျက်နှာသည် မျက်ရည်များဖြင့်ရွှဲရွှဲစိုနေသည်။  "အဖွား၊ သမီး တောင်းပန်ပါတယ် မိုမိသားစုက သူနဲ့  လက်မထပ်ခိုင်းပါနဲ့နော်..."

ဥက္ကဋ္ဌရဲ့ဇနီးက ချောပြီး စမတ်ကျတယ် ( MM trans )Where stories live. Discover now