Chapter 1

933 42 0
                                    

"မောင်...အိမ်ပြန်မလာသေးဘူးလားဟင်"

ထမင်းစား စားပွဲရဲ့ အလယ်တည့်တည့်မှာ
ထိုင်နေတဲ့ PP Krit ဆိုတဲ့ကောင်လေးဟာ ဖုန်းလေးတစ်လုံးကို ကိုင်ထားလျက် တစ်ဖက်ကပြန်လည်ဖြေဆိုမယ့်အသံကို မျှော်လင့်တကြီး
စောင့်မျှော်နေရှာတယ်။

တစ်ဖက်က မည်သို့ပြန်ပြောလိုက်သည်မသိ။
ညှိုးငယ်သော မျက်နှာလေးနဲ့အတူ တိခနဲ ပြတ်တောက်သွားသောဖုန်းလေးကိုသာ လက်ထဲမှာ
ခပ်တင်းတင်းဆုပ်ကိုင်ထားလျက်။

"မင်းတို့ကို ဘယ်လိုလုပ်ရမလဲ။
မောင်ကဒီနေ့လည်း အိမ်ပြန်နောက်ကျမယ်တဲ့"

စားပွဲပေါ်မှာ တန်းစီပြီးချထားတဲ့ ဟင်းခွက်တွေကိုကြည့်ပြီး ခပ်တိုးတိုးအသံနဲ့ရေရွတ်တယ်။
တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ သက်ရှိဆိုလို့
သူတစ်ယောက်သာရှိတာမို့ သူ့ရဲ့ခပ်တိုးတိုးအသံကတောင် အနည်းငယ်ကျယ်လောင်နေသလို။

နာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့
ညကိုးနာရီ။
ကိုးနာရီထိုးနေပြီဖြစ်တဲ့အချိန်တစ်ခုမှာတောင်
မောင်က ထပ်ပြီးနောက်ကျဦးမယ်တဲ့လေ။

ဘယ်အချိန်မှ သူရှိတဲ့ဒီအိမ်ဆီ မောင်ပြန်လာမှာလဲ။
ည ဆယ့်နှစ်နာရီလား ဒါမှမဟုတ် မနက်သုံးနာရီလောက်မှာလား။
သေချာတာကတော့ ဒီနေ့လည်းမောင် သူ့ဆီကို
ပြန်လာမှာမဟုတ်ပါဘူး။

အထပ်ထပ်အခါခါပြန်လည်နွှေးထားတဲ့ ဖွယ်ဖွယ်ရာရာ
ဟင်းတွေဟာ ထုံးစံအတိုင်း အမှိုက်ပုံးထဲကိုသာ
ရောက်ကြရတယ်။ပန်းကန်တွေကို ဘေစင်မှာ
ဆေးကြောပြီး မီးဖိုခန်းကိုမီးမှိတ်လိုက်တဲ့
အခိုက်အတန့်မှာ သူဟာသူ့ကိုယ်သူ ပျောက်ဆုံးသွားသလို ခံစားနေရတယ်။

သူ့ရဲ့ ခံစားချက်တွေ၊သူ့ရဲ့ မောင့်အပေါ် မြတ်နိုးမှုတွေ၊အကြင်နာတွေ၊ဂရုဏာတွေဟာလည်း
အမှိုက်ပုံးထဲရောက်ခဲ့ရတဲ့ ဟင်းတွေလိုမျိုးပဲ။
မောင် မသိတဲ့အခြားတစ်ဖက်မှာ သိသိသာသာ
ပြိုလဲနေတာတွေကို မောင်က သတိထားမိဟန်မတူပါဘူး။

အခန်းထဲက အိပ်ရာပေါ် လှဲချလိုက်တဲ့တစ်ခဏမှာ အေးစက်နေတဲ့အိပ်ရာရဲ့ အထိအတွေ့တွေ။
ဒီနေ့ညလည်း ဒီအိပ်ရာပေါ်မှာ တစ်ယောက်တည်းအိပ်စက်ရဦးမယ်ထင်ပါတယ်။

The Flower Called AstilbeWhere stories live. Discover now