*****
နွေဦးတဲ့...။
ရော်ရွက်ခင်းသော မြေဝါလမ်းသည်တောင်တန်းဆီသို့ဦးတည်နေ၏။
မှိုင်းညို့ပြာရီသော တောင်တန်းသွယ်ကြီးသည် အဘယ့်ကြောင့်အလွန်ဝင့်ထည်နေရပါသနည်း...။
တောင်ပတ်လမ်းလေးသည် ဝိုက်ဝိုက်ကလေးသွယ်နေကာ ခင်တန်းလေးများကမို့နေသည်။
စကားဝါအုံ့အုံများကဝင်းဝါလျက် နေပူပူမှသက်သာရသည်။
သိပ်လှသော နွေဦးပါတဲ့...။စကားဝါပန်း...အင်း...ဝင်းဝါသော စကားဝါနှင့် ဝင်းဝါသောကိုကိုသည် မည်သို့အပ်စပ်သနည်း...။
သူ့ရင်ထဲမှာတော့ ချွန်မြမြနှင့်ခံရခက်လှသည်။
ကိုကို့၏ ညက်ညောသောလည်တိုင်ဝင်းဝင်းအား မွှေးရှိုက်ခဲ့စဥ်က ကိုကိုသည်စကားဝါလှလှကလေးများကို သူ့ပယောဂကြောင့် နားရွက်နောက်၌ အခက်လိုက်လေးပန်ထား၏။
ငွေငန်းဖြူလည်တိုင်ကျော့ကျော့အား နမ်းရှိုက်မိတိုင်း မျက်လုံးလေးမှိတ်၍ အောက်နှုတ်ခမ်းအားကိုက်ထားတတ်သော ကိုကိုသည် မျက်နှာကလေးမှာလည်းရှက်သွေးတို့ဖြင့်ရဲနေတတ်သည်။သူသိပ်သဘောကျသော စကားဝါဝင်းဝင်းတို့အား ကိုကို့ခေါင်းလုံးလုံးလေး၌ပန်ထားပြီး သွားလှလှလေးများပေါ်အောင်ပြုံးပြတိုင်း သူ့မှာရှူမဝအောင်ငေးရမြဲပင်...။
ဝင်းဝါသောကိုကိုသည် အဝါရောင်အဝတ်လေးများကိုသာ ပို၍အဝတ်များသည်။
နဂိုဝင်းသောကိုကိုမှာ အဝါလေးဝတ်ထားလျှင် တစ်လောကလုံးလင်းထိန်နေသကဲ့သို့ ခံစားမိသည်။
ဪ...သိပ်လှပါသော မောင့်ကိုကိုရယ်ပါ...။တောင်လေရူးကဝေ့နေကာ စကားဝါတို့ကလေအဝှေ့၌ မြေပေါ်သို့တဖွဲဖွဲသက်ဆင်းနေကြသည်။
ညနေခင်းအချိန်ဖြစ်သောကြောင့် နေဝင်ရီတရောဆည်းဆာသည် တောင်တန်းပေါ်သို့ဖြာကျနေ၏။
စကားဝါတန်းတို့အလွန်ရှိ ကုန်းမို့မို့ပေါ်မှစိန်ပန်းပင်သည် ဆိုင်းဆို့နေကာ နှစ်ချို့ပင်အိုကြီးကဲ့သို့ ထီးထီးတည်နေသည်။
တိမ်တောက်သဖြင့် ကောင်းကင်တစ်ခွင်မှာ လိမ္မော်ရင့်ရောင်တောက်ကာ စိန်ပန်းပင်ကြီးသည် ညနေဆည်းဆာအောက်တွင်ဝင်းရှိန်နေတော့၏။ဟိုတစ်ချိန်တုန်းကတော့ စိန်ပန်းပင်ကြီးအောက်၌ ကိုကိုသည်သူ့ရင်ခွင်၌မှီနွဲ့ကာဖြင့် သူ့ရင်ဘတ်ကိုခိုခိုးနမ်းလျက် ချစ်ရည်လဲ့သောစကားတို့ကိုဆိုတတ်သေးသည်။
သူကလည်း စကားဝါနံ့လှိုင်သောကိုကို့ခေါင်းလေးအား ယုယစွာမွှေးရှိုက်ခဲ့ရပါ၏။
သိပ်ချစ်ရပါသည်...ကိုကို...။
YOU ARE READING
𖧷စကားဝါတို့ဆိုသောချစ်ဒဏ္ဍာရီ𖧷•Short story•[Completed]
FanfictionKim Tae Hyung x Jeon Jung Kook Written with both Unicode & Zawgyicode. //မောင်ကအရူးလေး...အင်း... ကိုကို့ရဲ့အချစ်ရူးလေး// ~~ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် လက်တွေ့နှင့်များစွာကွဲလွဲနိုင်ပါကြောင်းနှင့် စာရေးသူ၏စိတ်ကူးယဥ်သက်သက်ဖြင့်ရေးဖွဲ့ထားခြ...