*****
အချစ်ရူးလေးမောင့်အား ကရုဏာမိုးဆွေမိသောကြောင့် အပြစ်ဒဏ်ဟာ နှလုံးသွေးဆိုလျှင်လည်း သူဖောက်ထုတ်ပေးရန် ဝန်မလေးပါ...။
မညာရက်ခဲ့...သို့သော်လည်းလူလိမ်အဖြစ်ကိုတော့ လုံးလုံးရောက်နေခဲ့ပြီးဖြစ်သည်။
မောင့်ကိုချစ်ပါသည်ဟုမလိမ်ရက်သော်လည်း မချစ်ပါဘူးဟုလည်းသူမဆိုရက်ပြန်...။
အချစ်ကြီးသောမောင်က နှလုံးငယ်မှန်းသူသိသည်။
သူ့မျက်နှာတစ်ကမ္ဘာတည်ထားသူမို့ သူ့မျက်နှာတစ်ချက်ပျက်လျှင်တောင် မနေတတ်မထိုင်တတ်ဖြင့် စိတ်ပူပေးတတ်သူရယ်ပါ...။
ကရုဏာဆွေရပြန်ပါပြီ...မောင်ရယ်...။အချစ်မည်သော အဆိပ်ဆူးတို့နစ်ဝင်ပြီးနောက် အပိုင်းပိုင်းကွဲကြေပြီးသော သူ့နှလုံးသားတွင် အချစ်ဆိုတာသည် ကျန်ပါသေးသလော...။
အပြက်ပြက်နှင့်နှာခေါင်းသွေးထွက်ပြီးခါမှ သက်သာစေရန်အလို့ငှာ မောင့်ရင်ခွင်ထဲပုန်းခိုလိုက်ဖို့ကော တရားကျပါသေးသလား...။ငယ်သေးသူမို့...မယုံရဲစသဖြင့် အကြောင်းပြချက်များကို သူမပေးရက်ခဲ့...။
အဘယ််ကြောင့်ဟူမူ မောင့်ကိုသူ၏ကျန်ရှိသောတစ်ပိုင်းတစ်စနှလုံးသားလေးအား ပုံပေးချင်လိုက််သောကြောင့်ပါပင်...။
နာကျင်လည်းသူကခံမည်...ဝမ်းနည်းလည်းသူသာငိုမည်...နာကျည်းတာကိုတော့ မောင်ကပြုပါလေ...။
မောင့်ကိုတော့မနာကျည်းရက်သလို...ချစ်မျက်စောင်းလေးတောင် သူမထိုးရက်ခဲ့...။
အချိန်ကြာလေ မောင်ကပိုချစ်ပေးလေ သူ့လိပ်ပြာဟာပို၍မသန့်စင်တော့သလိုခံစားလာရသည်။
ဖွင့်ပြောချင်ခဲ့သော်လည်း ချောမောသောမောင့်မျက်နှာနုနုနယ်နယ်ကလေးမြင်တိုင်း တစ်ကိုယ်ကောင်းဆန်ချင်မိပြန်သည်။စကားဝါတို့ကိုသိပ်ချစ်သောမောင်က သူ့ကိုလည်းစကားဝါလေးများနှင့်နှိုင်းကာ ဖွဲ့နွဲ့တတ်သေး၏။
ပန်းမကြိုက်သော်လည်း မောင့်တောင်းဆိုသံလေးတစ်ခွန်းတည်းနဲ့တင် စကားဝါဝင်းဝင်းတို့ကို သူ့ခေါငိး၌ပန်ဆင်ခဲ့သည်။
ပူးပူးကပ်ကပ်နေရတာမကြိုက်သော သူက မောင့်အထိအတွေ့လေးများကိုတော့ မြတ်နိုးပြန်သည်။
ယုတ်စွ...သူသိပ်ချစ်ရသောယောကျ်ားတစ်ဦးကိုပင် မောင့်ကြောင့်နှလုံးသားမှထုတ်ပယ်နိုင်ခဲ့သည်။
ထိုယောကျ်ားသားအားသူသည် နှလုံးသားတစ်ခုလုံးရင်း၍ချစ်ခဲ့သည်ဆိုလျှင် မောင့်ကိုတော့အသက်ကိုပုံလို့ချစ်ခဲ့ရပါ၏။
မောင်မရှိတဲ့အရပ်မှာ သူဟာတစ်စက္ကန့်မျှပင်နေနိုင်မည်မထင်ပါ...။
YOU ARE READING
𖧷စကားဝါတို့ဆိုသောချစ်ဒဏ္ဍာရီ𖧷•Short story•[Completed]
Fiksi PenggemarKim Tae Hyung x Jeon Jung Kook Written with both Unicode & Zawgyicode. //မောင်ကအရူးလေး...အင်း... ကိုကို့ရဲ့အချစ်ရူးလေး// ~~ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် လက်တွေ့နှင့်များစွာကွဲလွဲနိုင်ပါကြောင်းနှင့် စာရေးသူ၏စိတ်ကူးယဥ်သက်သက်ဖြင့်ရေးဖွဲ့ထားခြ...