# U & Z
" ဝမ် ရိ ပေါ် ! "
ဒယ်ဒီရဲ့ နားဝင်ဆိုးလှတဲ့ အော်သံကြောင့် လှေကား ထိပ်ကိုရောက်နေပြီ ဖြစ်တဲ့ ရိပေါ်က ဧည့်ခန်းကို
ပြန်လှည့်လာရတယ် ။ကြောက်လို့တော့ မဟုတ်ဘူး... အဖေ ဆိုတော့ အနည်းငယ် လေးစားမှု့ရှိသင့်တယ် ထင်လို့။
" ဒယ်ဒီ... အရေးအကြောင်းတွေ ပိုတိုးလာရင်
စော်မကြည်ဘဲ နေမယ် ။နည်းနည်းပါးပါး ဒေါသလျှော့ အသက်လည်းကြီးပြီ ကို ""ဘာကွ ! မင်း .. ဖအေကို.. ငါ့တော့လေ ။
ထားတော့ မင်း ဘာတွေ လျှောက်လုပ်နေတာလဲ
ဝမ်ရိပေါ် ။ ငါ့နာမည်ကို ဖျက်ရတာ အတော်သဘောကျနေတယ်ပေါ့ ဟုတ်လား "ရိပေါ် က တွန့်ချိုးနေတဲ့ မျက်ခုံးတွေ ကို လက်နဲ့ အသာဖိပွတ်ရင် စိတ်ရှုပ်စွာ ဖြေလိုက်သည်။
" ကျစ် ! ကျတော်က ဘာတွေ လုပ်နေလို့လဲ ဒယ်ဒီရာ။ရွေးကောက်ပွဲကြောင့် ဒယ်ဒီခြေငြိမ်ဆိုလို့ ငြိမ်နေပေးတယ်မလား ။ "
ဒယ်ဒီ က တကယ့် အာရုံ... ။
" မင်းအကျင့် ငါမသိတာကျလို့ ဟိုတလော
လေလံအောင်ထားတဲ့ site ကို လိုချင်လို့ ငြိမ်နေတာ
ငါမသိဘူးများ ထင်နေလား "" ဘာပဲ ဖြစ်ဖြစ် ။ဒယ်ဒီ စကားနားထောင်နေတာပဲ
လေဗျာ ။"" မင်း LA က ပြန်လာတဲ့ XIAO GROUP ရဲ့ မြေးကို
လိုက်ကြောင်နေတယ်ဆို "" သတင်းတွေက အပြန့်မြန်လိုက်တာ "
ဝမ်ရိပေါ် ရဲ့ ခပ်ရွဲ့ရွဲ့ အဖြေစကားမှာ
ဝမ်လင်းရန် သွေးတက်ချင်သွားရသည် ။မိန်းခလေးတွေကို စိတ်ထင်တိုင်း တွဲနေတဲ့ ကောင်က အခုလည်း gay သွားပြန်တာလား။
ကြိုက်တာကလည်း တော်ရုံ တန်ရုံ အသိုင်းအဝိုင်းက မဟုတ် ထိတ်ထိတ်ကြဲ XIAO GROUP ရဲ့ မြေး
Sean Xiao ကိုမှ ။." ရပ်လိုက်.... ။မင်းဘာသာ gay တာ မ gay တာ
ငါ့ကိစ္စ မဟုတ်ဘူး ။ ခေတ်နောက်ပြန်ဆွဲပြီး ချုပ်ချယ်နေမယ့် အထဲမှာလည်း
ငါမပါဘူး ၊ ဒါပေမဲ့ သူတော့ မဖြစ်ဘူး "ရိပေါ် အပေါ်ကနေ ထပ်ထားတဲ့leather coat ကို စိတ်တိုတို နဲ့ ဆွဲချွတ်လိုက်တော့ တက်တူးအပြည်နဲ့ သူ့လက်မောင်းကို ကြည့်ကာ ဒယ်ဒီက နှာခေါင်းရှုံ့သည် ။
![](https://img.wattpad.com/cover/292621215-288-k756855.jpg)
YOU ARE READING
- LOVE ME LIKE YOU DO
Fanfiction" အချစ်က ကစားပွဲတစ်ခုဆို ဉာဏ်များတဲ့သူက အနိုင်ရမှာဘဲ ။ ရှောင်ကျန့်ဆိုတဲ့ အန္တာရယ်များပြီး နူးညံ့ခြင်းအလျင်းမရှိတဲ့ ကစားပွဲလေးကို ဝမ်ရိပေါ်က နိုင်အောင်ဆော့မယ့် pro gamer... ။ " BJYX BURMESE FANFICTION Genre - Possessive ,Romance, Drama, rude spee...