# 5

2.8K 214 29
                                        

# U & Z

A/ N

နောက်တစ်ပိုင်းက အပိုင်သစ်ပါ ။

~~~~

" black coffee တစ်ခွက်ပေးပါ ။ "

Menu လာချပေးတဲ့ ကောင်မလေးကို balck coffee
တစ်ခွက်မှာကာ ဖုန်းထုတ်ပြီး ကြည့်နေလိုက်သည်။

အရင်က hot choco ပူပူလေးကိုမှ ကြိုက်တတ်တဲ့ သူက သူမ မရှိတော့တဲ့ နောက်ပိုင်းစွဲလမ်းတတ်တဲ့ အရာတွေပါ ပြောင်းလဲလာခဲ့သည်။

တချို့သော ခါးသီးမှု့တွေကတစ်ခါတစ်ရံမှာ သိပ်ချိုမြိိန်နေတတ်တယ် ။

ဆိုင်အပြင်အဆင်က ပင်လယ်ပြာကြီးထဲ
ရောက်သွားသလို vibe မျိုးဖြစ်သည်။

အပြာလွင်လွင် အရောင်လေးတွေ သုံးထားတဲ့
" Luminous Blue " ဆိုတဲ့
cafe ကို ရောက်နေတာက သူ့ရဲ့ ဖိုး ကြောင့် ။

ကြင်ယာဖက် တွေ့ရမယ်ဆိုကာ သူ့ကို ကျန်းမာရေးနဲ့ ချိန်းခြောက်ပြီးအတင်းစေလွှတ်လိုက်ခြင်းဖြစ်သည်။

မျက်စိရှေ့ရောက်လာတဲ့ ဒေါက်ဖိနပ် ခရမ်း​ရောင်ကြောင့် ရှောင်ကျန့်မော့ကြည့်လိုက်တော့
ခပ်တင်းတင်း မျက်နှာထားနဲ့ lady တစ်ဦး ။

အင်း သေချာပေါက် သူ့ရဲ့ ကြင်ယာဖက်ဆိုတာနေမှာပေါ့ ။

" You က XIAO GROUP ရဲ့ ​မြေး ရှောင်း ရှောင်ကျန့် ဆိုတာလား "

သူ့ရှေ့က ထိုင်ခုံမှာ နေရာယူကာ မျက်တောင်တစ်ချက်ခတ်ပြီးမေးလာတဲ့ မိန်းမပျို ။

ရွေအိုရောင် ဂုတ်ထောက်ဆံနွယ်တွေက
ဖြောင့်ဆင်းစွာ over ဖြစ်မနေဘဲ ခပ်ပါးပါး
လိမ်းထားတဲ့ makeup look အပြင်
ခရမ်းနုရောင် ပေါင်လည် ဂါဝန်တိုလေးကြာင့် ကျောင်းသူ တစ်ယောက်အသွင် ။

တစ်ခုပဲ မျက်နှာထားက တွေ့တာနဲ့ ဆောင့်ကန်ပြစ်ချင်စရာ ကောင်းလောက်အောင် တည်နေတာပဲ ။

" အင်း ၊ မင်းက "

" ROYAL GROUP ရဲ့ အမွေဆက်ခံသူ Ellis Xing "

" ဘာမှာအုံးမလဲ ။ ကိုယ်ကတော့ black coffee
တစ်ခွက်မှာထားတယ် "

" ရှင်ရော ကျွန်မရောက ဆန္ဒရှိလို့ ဒီနေရာကို ရောက်လာကြတာမှ မဟုတ်ဘဲ ဒီတော့ အာလာပ သာလာပ ပြောစရာလိုမနေဘူး ထင်တယ် ။
ကျွန်မမှာ ချစ်သူရှိပြီးသား မို့ Dad စီစဥ်တာကို လက်မခံနိုင်ဘူး ဒါပေမဲ့
ငြင်းဆန်လို့လည်းမရဘူး ။ကျွန်မထင်တယ်... ရှင်လည်း ရှင့်အဖိုးကို ငြင်းမရလို့ ဒီကိုရောက်လာတယ်ဆိုတာ "

- LOVE ME LIKE YOU DO Where stories live. Discover now