my boyfriend🔞

729 62 27
                                    

uni ver:)

ကျွန်တော့်မှာ အရမ်းချစ်ရတဲ့ချစ်သူတစ်ယောက်ရှိတယ်.ကျွန်တော်သူ့ကိုအရမ်းချစ်တာ..ကျွန်တော့်ချစ်ရသူကအရမ်းချောတာဗျ

ခင်ဗျားတို့အားကျနေပြီမလား....အဲ့လိုပါပဲ ကျွန်တော်တို့ရဲ့ အချစ်ရေးက သူများအမြင်မှာ အားကျစရာဆိုပေမဲ့ တကယ်တမ်းတော့မဟုတ်ခဲ့ဘူးဗျ.....

အချစ်စစ်ဆိုတာဖြောင့်ဖြူးတယ်လို့မရှိဘူးတဲ့ ကျွန်တော်ကြားဖူးတယ်...အချစ်ကပဲမဖြောင့်ဖြူးတာလား..သူကပဲ မဖြောင့်ဖြူးအောင်လုပ်နေတာလားတော့မသိ....

.................................................................

"bae!တော်တော့လို့ပြောနေတယ်နော်.."

"မတော်နိုင်ဘူးမောင်...မောင်သာအဲ့ကောင်မလေးနဲ့ ငါပြောသလိုကင်းကင်းရှင်းရှင်းနေခဲ့မယ်ဆိုရင်..ငါအခုလိုတောင်ပြောနေစရာမလိုဘူး..."

"ကင်းကင်းရှင်းရှင်းမနေဘူးပြောရအောင်..ငါတို့ကဘာလုပ်နေလို့လဲ..ဒီတိုင်း လမ်းမှာတွေ့လို့နှုတ်ဆက်တာလေ..အဲ့တာလေးကို မင်းသာပုံကြီးချဲ့ပြီးပြောနေတာ"

"ဟက်...နှုတ်ဆက်တာတဲ့နှုတ်ဆက်တာဖတ်စရာလိုလားဟမ်..."

"baeမရစ်နဲ့ကွာ...တကယ်စိတ်ညစ်လာပြီ..ကျစ်.."

"ဒုန်း..ခွမ်း.."

အခန်းထဲက ရှိသမျှပစ္စည်းတွေကို ရိုက်ခွဲကာထွက်သွားသော Park Chanyeol...

Kyung Soo ကတော့ အခန်းထဲမှာမှာပဲမလှုပ်မယှက်ရပ်နေမိတုန်းပဲ...

နောက်ပြီးကြမ်းပြင်ပေါ်ကိုအရုပ်ကြိုးပြတ်ထိုင်ချမိလိုက်သည်..ပါးပေါ်မှာလည်း မျက်ရည်တွေက တစွန်းတစ..

ဒါပေမဲ့မဖယ်ရှားမိပါ...စီးဆင်းပါစေလွတ်လပ်ခွင့်ပေးလိုက်တယ်...

ဒီလိုဖြစ်တာပထမဦးဆုံးမဟုတ်ပေမဲ့...ဖြစ်တိုင်းခံစားရတုန်း..

မောင်ကဘာလို့ငါ့ကိုနားလည်မပေးနိုင်ရတာလဲ ငါသဝန်တိုတယ်ဆိုတာချစ်လို့လေ..

အခုလိုဖြစ်တိုင်းမောင်ကငါ့ကိုတစ်ခါမှမလျှော့ခဲ့ဖူးဘူး..အမြဲတမ်းပေါက်ကွဲမယ်..ပစ္စည်းတွေရိုက်ခွဲပြီး အခန်းထဲကထွက်သွားမယ် .. ဒါပါပဲ

Chansoo one shots( Z & U )Where stories live. Discover now