မောင်စေရာ🔞

110 8 0
                                    

⚠️အသိပေးချက်များ⚠️

1. ဤအပိုင်းကိုအသက် 18 နှစ်ပြည့်မှ
သာလျှင်ဖတ်ရန်...🔞
2. idol ရဲ့ image ကိုလုံးဝထိခိုက်လိုစိတ်မှရှိပါ..🙅
3. ဤficသည်စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်ကြောင်း..💭
4. ရိုင်းပျသော ကြမ်းတမ်းသော ပွင့်လင်းသော စကားလုံးများပါရှိနိုင်ပါသည်။
5. အကယ်၍အမှားတစ်စုံတစ်ရာရှိခဲ့ပါက cb တွင်သာ လာရောက်အကြံပေးခြင်းပြုပါရန်.

ကိုယ့်မျက်လုံးကိုမယုံနိုင်လောက်အောင်ကို မြင်လိုက်ရသည့်မြင်ကွင်းက မောင်က မိန်းကလေးတစ်ယောက်ကိုမက်မောစွာနမ်းနေသည်တဲ့လား...ဒီလူသားဟာဒီလိုအကျင့်စရိုက်ရှိမှန်းသိနေပါရဲ့နဲ့ ငါဘာတွေများမျှော်လင့်နေမိခဲ့တာလဲ။

ကြည့်နေရင်းတဖြည်းဖြည်းမျက်လုံးတွေဟာဝေဝါးလာတယ်...ဆက်ကြည့်နိုင်စွမ်းမရှိတော့...မောင့်ရဲ့ရမ္မက်ဝေနေတဲ့အသံလေးတွကိုကြားရတာ ရင်ကိုဓားနဲ့ခွဲနေသလိုပါပဲလားမောင်ရယ်...ညီးငြူသံတွေစွက်နေတဲ့ ထိုအခန်းလေးရဲ့ရှေ့ကနေ ထွက်ခွာလာခဲ့မိတယ်...အပြစ်တင်တယ်ဆိုတာထက် လုပ်ရက်လိုက်တာလို့ပဲမြင်မိပါတယ်...

ငါသာမောင့်အိမ်ကိုလိုက်မလာခဲ့မိရင်...
ငါသာမောင့်ရဲ့မွေးနေ့အတွက် surprise လုပ်ပေးမယ်လို့မတွေးခဲ့မိရင်...
ငါသာမောင့်ရဲ့အခန်းရှေ့ကို မလာခဲ့မိရင်...
ငါဒီလိုမျိုးခံစားရမှာမဟုတ်ဘူး...
ဒီတိုင်းလေးပဲဆက်ချစ်ချင်တာ...ဘာမှမသိဘဲ ဒီတိုင်းလေးပဲဆက်ရူးသွားရင်ဖြစ်နေပဲကိုဘာလို့လဲဟင်...ဘာလို့လဲ...ဘာလို့ငါ့မှလဲ...

မောင့်မွေးနေ့မှာ မောင်နဲ့အတူတူရှိချင်လို့ပြောတာကို အကြောင်းပြချက်အမျိုးမျိုးနဲ့ငြင်းခဲ့တာ ဒါ့ကြောင့်လားမောင်ရယ်...ငါ့အတွက်ကျမအားဘဲ အဲ့မိန်းမနဲ့ကျနေရတာပျော်သလားမောင်ရယ်...ဟုတ်မှာပါလေ ငါမပေးနိုင်တဲ့ သာယာမှုတွေကသူ့ဆီမှာရှိနေတယ်လေ...မောင်ရစ်မူးတာမဆန်းပါဘူး...

ငါ့နှလုံးသားလေးကိုစိတ်ကြိုက်သာနင်းချေသွားပါတော့မောင်...ငါ့ရဲ့မာနတွေရောပေါ့...ငါကပဲနောက်ဆုတ်ပေးပါ့မယ်...
ထိုသို့ပြုလုပ်ခြင်းဟာ မောင့်ကိုစိတ်နာသည်ကြောင့်မဟုတ်ဘဲ မောင်ပျော်စေဖို့သက်သက်ပဲရည်ရွယ်ပါတယ်မောင်...

Chansoo one shots( Z & U )Where stories live. Discover now