ဆုတောင်းတွေက အမျိုးမျိုးရယ်...
လူတွေက အတိတ်ကိုပြန်မရောက်ဖို့ ဆုတောင်းကြတယ်...
ငါတို့ရဲ့ ရွေးခြယ်မှုကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကိုပေါ့...နှာဖျားနားကို ကျီဆယ်တတ်တဲ့ ဆောင်းလေကို ချစ်တယ်။
မျက်စိတမှိတ်အတွင်း ကျဆင်းသွားတဲ့ နှင်းမှုံ့လေးကိုလည်းချစ်တယ်။ တချို့တချို့သော ဆောင်းမှာ ငါ့ကို ပျော်ရွှင်အောင် ထားပေးသွားတယ်... ငါနှလုံးသားနေရာမှာ ခဲနေတဲ့ နှင်းခဲလေးကို အစားထိုးပေးသွားတဲ့ လူကိုတော့ အများကြီးပိုချစ်တယ်။
---------------------------------------------
ဆောင်းလေက အေးအေးလေးရယ်။
ဖြတ်တိုက်သွားတဲ့ အခါ ခပ်မြူးမြူး ပြုံးမိရတယ်။ငါတို့ဆီမှာ နှင်းတွေကျနေတယ်။ တလောကလုံးက
အဖြူရောင်တွေချည်းပဲ။ ကလေးတွေက နှင်းလုံးလေးတွေနဲ့ ပစ်ပြီး ကစားနေကြတယ်။ လူကြီးတွေက သောက်စရာ ပူပူနွေးနွေးနဲ့ ဆောင်းကို ဖြတ်ကျော်နေတယ်။
အတွဲတွေက မာဖလာဆင်တူ၊ ဆွယ်တာဆင်တူနဲ့
ပြုံးနေကြတာ ဆောင်းကိုတောင် သတိမမူမိဘူးထင်ပါရဲ့။"ငယ်.."
ခပ်ဩဩအသံက အာရုံလွင့်နေချိန်မှာ ထွက်ပေါ်လာသည်။
ဂုတ်ထောက်ဆံပင်လေးတွေက လည်စီးကြားမှ ညှပ်ဝင်နေသည်။ အဖြူစွတ်စွတ် ဂျက်ကပ်ကို ဝတ်ထားကာ ပြတင်းပေါက်ဘက်ကို မျက်နှာမူနေတဲ့ ကောင်မလေးဟာ
နာမည်ခေါ်ခံရဖြင့် အသိဝင်သွားကာ လှည့်ကြည့်လိုက်သည်။လှည့်ကြည့်လိုက်သည်နှင့် ခေါ်လိုက်သည့် ကောင်လေးရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။
ကမ္ဘာကြီးဟာ ခနရပ်ပါရစေ ဟု ခွင့်တောင်းလိုက်သလိုမျိုး။မျက်လုံးညိုညိုလေးတွေ...
နှင်းဖြူဖြူတွေ မြင်တာနဲ့ ရွှင်မြူးရိပ်နဲ့ နာကျည်းဝမ်းနည်းရိပ် ကို တချိန်ထဲဖော်ဆောင်နိုင်တဲ့ မှော်လို မျက်ဝန်းတွေ။
မျက်တောင်တွေက ရှည်လျှလျှလေး။
ပါးနှစ်ဖက်က နီဆွေးဆွေး။ နှုတ်ခမ်းတွေက အက်ရာရှိနေတာတောင် စိုစိုလေး။ ဆုတောင်းတွေ သိပ်ကောင်းလွန်းတယ်။ထိုကောင်လေးကို မြင်သည်နှင့် ကောင်မလေးရဲ့ နှုတ်ခမ်းပါးတွေက ကော့ညွန့်သွားတယ်။