7

1.1K 167 7
                                    

အပိုင်း(၇)
________

ာကျည်းချက်တွေ အစပြုခဲ့ရာက......

သိပ်ကိုငြိမ်းချမ်းမိသားစုလေးကို ဝင်နှောက်
ခဲ့တယ့် မုန်တိုင်းတစ်ခုကြောင့်..။

မုန်တိုင်းတို့မြစ်ဖျားခံရာကသည်....

*****************
"ဆွင်ဆွေလာန်"

ဗိုလ်ချုပ်ကာရယ်၏တစ်ဦးတည်းသော
သမီးရတနာ...
မိခင်ရဲ့ သွေးပါဝင်သူမို့ အကပိုင်းမှာ
ိုသိပ်ကိုစိတ်အားထက်သန်ပေမယ့်
ဖခင်ရဲ့ တယူသန်အတွေး၊အမိန့်တို့ကြောင့်
ဆန္ဒတို့ကို ငုပ်လျှိုးထားခဲ့ရတယ်။

ဒါပေမယ့် တစ်နေ့....

သူမ၏အမေအား သူမအရှေ့တွင်ပဲ
ကြိုးပေးခဲ့သောနေ့...

မျက်ရည်တွေနဲ့အော်ဟစ်ကာ
တားနေတယ့် သူမကို လစ်လျှူ ရှုကာ
အမိန့်ပေးခဲ့သော သူမအဖေ...

နီရဲတာများပေါက်ထွက်တော့မည့်အလား
ရှိနေသည့် မျက်ဝန်းများနှင့်
သူမ နာနာကျည်းကျည်း သူမအဖေကို
စိုက်ကြည့်ပြီး စကားတစ်ခွန်းပြောလိုက်
ူသည်..
"ဒီနေ့က စပြီး ကျွန်မက ဗိုလ်ချုပ်ကာရယ်ရဲ့
သမီးမဟုတ်တော့ဘူး"ဟူ၍သာ...။

Halzayswin(ဟဲဇေးလ်ဆွင်)ကို
ကျောခိုင်းကာ သူမအမေ၏ ဖြစ်တည်ရာ
Haynalri(ဟေနယ်ရီ)သို့ အပြီးအပိုင်
ထွက်ခွာလာခဲ့ပြီ...။

သတင်းကြားပြီးသား သူမ၏အဖွားက
သူမကို စကားတစ်ခွန်းပဲပြောခဲ့ပြန်တယ်။

"နင့်အဖေကို စိတ်မပြတ်နိုင်ရင် ငါတို့နဲ့
လာမပတ်သက်နဲ့.."

"ကျွန်မမှာ အဖေမရှိဘူး ဘာဘား.."

သူမတို့မျိုးရိုးရဲ့ ရိုးရာအကဖြစ်တယ့်
"ကြိုးကြာတောင်ပံ"ကို သူမတစ်နှစ်တိတိ
သင်ယူပြီးအခါမှာတော့ သူမဟာ
သူမ၏အမေထက်ပင် သာလွန်တယ့်
ကချေသည်မလေးတစ်ယောက်ဖြစ်ခဲ့ပြီ။

ဟေနယ်ရီမှာ.."ဆွင်"လို့ပြောတာနဲ့
မသိသူမရှိ...။

ထိုနေ့က ခြိမ့်ခြိမ့်သဲ အကသဘင်ပွဲကြီး
ကျင်းပသောနေ့...

ဟေနယ်ရီ နိုင်ငံအတွင်းက မည်သည့်
မြို့ရွာကမဆို လာရောက်ကပြဖျော်ဖြေ
နိုင်သည်။

ᴄʜᴀɴᴅᴇʟɪᴇʀWhere stories live. Discover now