"ဝိုင် ဆိုတာ ပုလင်းသွတ်ထားတဲ့ ကဗျာ"
Robert Louis
ဆိုရိုးစကားအရပါပဲ ဝိုင်တွေက ပုလင်းထဲက ကဗျာတပုဒ်ဖြစ်တယ်။
ကဗျာကို နားလည်သူရှိသလို နားမလည်သူလဲ ရှိပါလိမ့်မယ်။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတာမျိုးပေါ့။ဝိုင်နဲ့ ပတ်သတ်ရင် ဒီနယ်တဝိုက်က ဝိုင်တွေက သူများတွေထက်စာရင်ပိုကောင်းတယ်လို့ သတင်းမွှေးတယ်။
ဒီနေရာက ကိုရီးယားမြို့တော် နဲ့သူ မတူစွာ တောရိပ် တောင်ရိပ်နဲ့ စိမ်းလန်းတယ်။
စိမ်းညို့ညို့တောင်တွေ. . အကွေ့အကောက်များတဲ့ ကားလမ်းဝဲယာတဖက်တချက်က စိမ်းလန်းတဲ့ သစ်ပင်အုပ်အုပ်တွေက သဘာဝအလှကို အပြည့်အဝဖော်ပြတတ်တယ်။မြို့တော်ကို ၆နာရီကြာ သွားမှရောက်တဲ့နေရာဖြစ်တာနဲ့အညီ ခေတ်မီအပြင်အဆင်တွေတော့ တွေ့ရလေ့မရှိဘူး။
Country side သဘာဝကိုအပြည့်အဝခံစားချင်တဲ့သူတချို့ကတော့လာရောက်လည်ပတ်လေ့ရှိတယ်။မြို့တော်မှာလို အချိန်မှန် ဆိုက်တတ်တဲ့ အများသုံးဘက်စ်ကားတွေ. ရှုပ်ထွေးထွေး မြေအောက်ရထားလမ်းတွေနဲ့ ခြားနားစွာပဲ တနေ့လုံးမှတစီးထွက်တဲ့ ဘက်စ်ကားတစီးရှိတယ်။ စီးတဲ့လူကလဲ လက်ဆယ်ချောင်းတောင်ပြည့်တဲ့နေ့ဆိုတာရှားတယ်။
ရွာစပ်က ဆာရန်းတို့ သားအဖကတော့ နေ့တိုင်းအားပေးတဲ့ ဘက်စ်ကားစီးသူတွေ. .
သူတို့ခြံထွက် စိမ်းစိုစို အသီးတပွေ့တပိုက်နဲ့ အနီးစပ်ဆုံး နေရာဆီ နေ့တိုင်း မြို့တက်ရောင်းတယ်။ဆာရန်းဆိုတာက ပြန်လာရင် ဘယ်တော့မှ အငြိမ်မနေဘူး။
ချာအွန်ဝူးက ဘယ်လောက်ချောကြောင်း.
လီဆာကတော့ ဘယ်လောက်အကတော်ကြောင်း. .
စစ်မှု့ထမ်းနေတဲ့ EXO members တွေကိုလွမ်းလှပြီဖြစ်တဲ့ အကြောင်း. .တကယ်တော့ သူဆိုတာက လူအကောင်လိုက် အပြင်မှာ တွေ့လာတာလဲ မဟုတ်ပါပဲ စျေးသွားရောင်းတဲ့ နေရာက ထောင်ထားတဲ့ ဘေလ်ဘုတ် ကိုကြည့်လာပြီးပြန်ပြောလေ့ရှိတယ်။
ထိုအချိန်ဆို သူမအနားဝိုင်းနေတဲ့ သူတို့ အဆို ကေပေါ့ပါတွေဆိုတာ မျက်လုံးတွေက ရွာတောင်ပိုင်းက ဦးလေးကင် မွေးထားတဲ့ ဇီးကွက်မျက်လုံးလောက်ရှိတယ်။