Gay(29)

16.5K 1.4K 535
                                    

"Bossစိန်ရွှေရတနာဆိုင်ကဒေါ်သီတာမြင့်မော်ကတွေ့ခွင်တောင်းနေပါတယ်..."

ဉီးဘုန်းတစ်ယောက်
သားတော်မောင်ကမပြောမဆိုပျောက်သွားလို့စိတ်ညစ်နေတာကြောင့်
အလုပ်မသွားပဲအိမ်မှာတာသားသတင်းကို
စောင့်နေသည်။မိန်းမကလဲ့...တူတော်မောင်တွေနဲ့ဘယ်ထွက်သွားမှန်းကိုမသိ...

"ငါမိန်းမအိမ်မှာမရှိချိန်တစ်စိမ်းမိန်းမ
တစ်ယောက်ကိုခေါ်ဧည့်မခံနိုင်ဘူး..
ကုမ္မဏီလာမှချိန်းပေးလိုက်..."

"ဒါ..ဒါပေမဲ့ ..အကိုဒဿအကြောင်း​
လိုပြောပါတယ်.."

လက်ထဲကစာရွက်များပြစ်ချခါ...

"ဟမ်!သားအ​ေကြာင်း..ကျစ်!ဒီကောင်
ဘာတွေသွားရိုက်ခွဲထားပြန်ပြီးလဲ့...
ငါတော့လျော်ရအုန်းမယ်ထင်တယ်..."

"၀င်ခိုင်းလိုက်!...အိမ်ထဲတော့ပေးမ၀င်နဲ့
တော်ကြာငါ့မိန်းမတစ်မျိုးထင်သွားမယ်
ခြံထဲမှခုံစိစဉ္ပေးလိုက်..ငါလာခဲ့မယ်.."

ဉီးဘုန်းထွက်လာတော့ဒေါ်သီတာမြင့်မော်က
လှည့်ကြည့်လာသည်။အရင်လိုပြင်"ဆင်"နဲ့
ဂုဏ်သိက္ခာကြီးများတဲ့မိန်းမတစ်ယောက်ပုံမဟုတ်ပဲ...အနည်းငယ်မဲနေသောမျက်တွင်းများနဲ့...လူမမာတစ်ယောက်ကဲ့သို့ပြင်...

ပေါင်းသင်တက်ဆံရေးကောင်းတဲ့ဉီးဖုန်းကတော့ဧည်၀တ်ကျေခါ..ကောဖီခွက်
အနည်းငယ်တိုးပေးရင်း..နူတ်ဆက်လိုက်သည်။

"ဒေါ်သီတာ..အလုပ်ကိစ္စလားဗျာ..."

ထိုကော်ဖီခွက်ကိုရွံရှာသလိုကြည့်ပြီး...

(မောင်ဖျော်ပေးတဲ့ကော်ဖီလောက်
ဘယ်ကော်ဖီမှာမမှီဘူး...)

"မဟုတ်ပါဘူး..ကိုဘုန်းမြင့်..
ရှင့်သားအကြောင်းပါ..."

"အာ~ကျုပ်သားဘာတွေရိုက်ခွဲလိုက်လို့တုန်း
ကျုပ်လျော်ပေးပါမယ်...ကလေးကငယ်သေးတော့စိတ်နည်းဆတ်တယ်ဗျာ..ကျုပ်ကပဲကြားကတောင်းပန်းပါတယ်ဗျာ.."

သီတာလှောင်ပြုံးတာပြုံးလိုက်သည်။

(ကလေး..ကလေးနဲ့..ဘာကလေးလဲ့..
သူများလင်ကိုခိုးတာကလေးလား...)

"ရှင်တို့မလျော်ပေးနိုင်တဲ့ပစ္စည်းဆိုရင်ကော"

ဒီမိန်းမချမ်းသာတာမှန်ပေမဲ့...သူတို့မိသားစုကဒီမိန်းမထက်သာလွန်တဲ့
အနေထားမှာ ရှိပေသည်။

ရာမ ကို ပြန်လုမဲ့ ဒဿWhere stories live. Discover now