꧁🅔︎🅟︎ ☾︎1☽︎꧂

717 16 11
                                    

𝒁𝒂𝒘𝒈𝒚𝒊

နေသူရိန် ဟု လူအများက ​ခေါ်​တွင်လေ့ ရှိကြသည့် ​နေမင်းကြီး​သည် အ​အေးပိုင်း ​ဒေသ၏ သာမန် ရက်​တွေနှင့် ကွဲပြားစွာ မျက်စိ ကျိန်းလောက်အောင် စူးရှ တောက်ပ ​နေ၏ ။

တစ်နည်းအားဖြင့် ​ထိုအရပ်​ ​ဒေသသည် ​တောင်ကိုးရီယား နိုင်ငံ၏ မြို့တော် SEOUL ( ဆိုးလ် ) ပင် ဖြစ်သည် ။

ထို​နေပူပူ​ ​အောက်ရှိ ​မြက်ခင်းပြင်တွင် ​ကောင်​လေး တစ်​ယောက်သည်  နဖူး ရှေ့တွင် ကပိုကယို ကျနေသော မဟူရာ​ရောင် ဆံစများအား သူ၏ လက်ဖြင့် အသာ သပ်တင် လိုက်​​လေ၏ ။

ထိုကဲ့သို့ ရပ်​နေရင်း ဒိုင်လူကြီးဆီမှ ပြိုင်ပွဲ စတင်ရန် ​အချက်ပြသည့် ဝစီမှုတ်သံအား နားစွင့်​နေပြီး မျက်နှာချင်း ဆိုင်တွင် ရပ်​နေ​ကြ​သော ပြိုင်ဖက် အသင်းမှ ကစားသမားများအား သူ ခပ်တည်တည်ဖြင့် စိုက်ကြည့် လိုက်​လေသည် ။ မည်းနက် ထူးထဲ​သော မျက်ခုံးနှင့် ခပ်ဝိုင်းဝိုင်း မျက်ဝန်းတစ်စုံ ရှိ​သော ထိုကောင်လေး၏ အကြည့် စူးစူးမှာ နှုတ်ခမ်းနီ မ​လေးတို့ အသဲ တဖြုတ်ဖြုတ်​ ​ကြွေချင် စရာပင် ။ 

နေ​ရောင် ​တောက်တောက်က ​ဘောလုံး ကွင်းပြင် တစ်ခုလုံးအား စလိုက်မီး ထိုးထား သကဲ့သို့ ဖြာကျ ​နေ၏ ။ ထို့​ကြောင့် အသင်း ယူနီ​ဖောင်း အနီ​ရောင်​လေးမှာလည်း ထိုကောင်လေး၏ ဖြူဝင်းသည့် အသားအရေနှင့် ပနံသင့်ကာ သာမန် အချိန်ထက်ပင် စွဲမက်စရာ ကောင်းလှအောင် ​လိုက်ဖက် ​နေ​ပေသည် ။

ထိုသူကတော့ တစ်ခြား သူမဟုတ် ။

ဆိုးလ်တက္ကသိုလ်မှ စိုက်ပျိုးရေး ​မေဂျာတွင် တက်ရောက်နေသော တတိယနှစ် ​ကျောင်းသား ။

အားကစား ကလပ်၏ ကိုယ်စားလှယ် ဖြစ်ပြီး နိုင်ငံ့ ဂုဏ်ဆောင် နည်းပြကတောင် လက်ရွေးစင် အဖြစ် ရွေးချယ်ထားသည့် ​ဘောလုံးသမား ။

အဲ့ဒါကတော့ . . .  ထိုကောင်လေးပင် ။

Jeon Jungkook ( ဂျွန် ​ဂျောင် ဂု ) ။

အခြားတစ်ဖက် အသင်းတွင်​တော့  လိ​မ္မော်​​ရောင် ​ခေါင်းပိုင်ရှင်​လေးသည် ခန္ဓာကိုယ်မှ ရှိသမျှ အဆစ်များအား အ​ညောင်း​ပြေ ချိုးလိုက်ပြီး ခုန်စွ ခုန်စွဖြင့် သွေးပူ လေ့ကျင့်ခန်းအား အဆုံးသတ် လိုက်​လေသည် ။ ​ထို့ပြင် တိုက်စစ် ဆင်နိုင်ရန် ​လေ့ကျင့်ထားသည့် ​ခြေလှည့်ကွက်များကိုလည်း သူ အချိန်နှင့် တစ်ပြေးညီ စဉ်းစား သုံးသပ်​နေ​​မိ၏ ။

♧︎𝐋𝐎𝐕𝐄 ᵃˢ ᵗʰᵉ 𝐔𝐍𝐈𝐕𝐄𝐑𝐒𝐄♧︎︎︎Where stories live. Discover now