꧁🅔︎🅟︎ ☾︎14☽︎꧂

188 12 0
                                    

𝒁𝒂𝒘𝒈𝒚𝒊

ဂျွန်မျိုးရိုး၏ အိမ်တော် အတွင်းပိုင်း တစ်ခုလုံးက အရောင် ငြိမ်ငြိမ် လေး​များသာ သုံးထားသည့် အတွက် မြင်သူတိုင်းကို မျက်စိ အလွန် ​အေးစေသည် ။ သို့ပေမယ့် ​ထို​အေးချမ်းရာ ​နေရာများ နှင့် ဆန့်ကျင်ဘက် ဖြစ်​စွာ ၊ လီအွန်းချယ်၏ ရင်ထဲတွင်တော့ စိတ်ရှုတ်မှု များနှင့် အတူ ပူလောင် ​နေရသည် ။

အရင်က ဖြစ်ရပ်များသည် သူမအတွက် ဘာမှ မဟုတ်​သည့် က​လေး ဘဝက အမှား​ဟု ထင်ရ​ပေမယ့် ၊ တန်ဖိုးထားသည့် အရာ​လေးအား ဖျက်စီးခံ လိုက်ရ​​သော ထိုလူကြီး မှာ​တော့ စိတ်​ ​ပြေစရာ မရှိ​ကြောင်း ​ဖော်ပြ​နေ​​သော မျက်နှာထားမျိုး ဖြစ်​နေ၍ ချယ့်မှာ မဝံ့မရဲ ဖြစ်မိသလို ၊ စိတ်လည်း ပူမိသည် ။

ဖေ​ဖေကလည်း သူမကို ထိုလူကြီး ​ခေါ်ရာသို့ လိုက်သွား ခိုင်း​နေသည် ဖြစ်ရာ ၊ ချယ့်မှာ စိုးရိမ် စိတ်များ နှင့်အတူ ရှေ့က ခပ်သုတ်သုတ် လျှောက်နေသည့် ​​ဂျောင်ဂု ​နောက်သို့သာ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် လိုက်ပါ လာလေသည် ။

စိတ်လှုပ်ရှား​ မှု​ကြောင့် သူမ လက်ဖဝါး နှစ်ဖက် မှာလည်း ​ချွေး​​စေး​များက ထွက်​လာ​လေသည် ။ မတတ်နိုင်သည့် အဆုံး ​ကြောက်စိတ်ကို ​အတင်း​ ​ဖျောက်ကာ ၊ လီအွန်းချယ် ပီသစွာဖြင့် အားတင်း၍သာ ​ရှေ့ဆက် ​လျှောက်လာလိုက်သည် ။

" ဒီဒါ မင်း​စီးလိုက် "

အိမ်​တော်က အထွက် ၊ တစ်နေရာ အ​ရောက်တွင် သြရှရှ စကားသံ​လေး တစ်ခုက အမိန့် တစ်ခုလို ၊ သူမ နားထဲ စိမ့်ဝင် လာ​သော​ကြောင့် လီအွန်းချယ်မှာ ​ယောင်ယမ်းကာ ​မော့ကြည့်လိုက်သည် ။

အိမ်တော်၏ တောင်ဘက်ကဟု ယူဆရသော တံခါးမ ကြီး၏ အပြင်တွင် ရပ်​နေ​သော လူကြီးသည် သူ့​ရှေ့တွင် တန်းစီကာ ရပ်ထား​သော ယာဉ် အရွယ်အစား အမျိုးမျိုး ထဲမှ ဘီးလေးဘီး ပါ၍ ဆိုင်ကယ် မဟုတ် ကားမဟုတ်သည့် တစ်ခုအား ညွှတ်ပြသော အ​နေနှင့် ​မေ့​ငေါ့ ​ပြ​​ရင်း ​ပြော​နေ​ခြင်း ဖြစ်​လေသည် ။ 

♧︎𝐋𝐎𝐕𝐄 ᵃˢ ᵗʰᵉ 𝐔𝐍𝐈𝐕𝐄𝐑𝐒𝐄♧︎︎︎Where stories live. Discover now