꧁🅔︎🅟︎ ☾︎7☽︎꧂

56 3 8
                                    

𝒁𝒂𝒘𝒈𝒚𝒊

" အဲ့ကလေးမ အခု ဘယ် မှာလဲ "

" Only For Me Club မှာပါ သခင်လေး "

တစ်ဖက်မှ စကားအား ​ဂျောင်ဂု ကြားကြားချင်း ဟူဒီ အမဲတစ်ထည် ကောက်စွတ်၍ ဟိုနှစ်ကောင်အား ပြောကာ အောက်ထပ်က ကားပါကင်ဆီသို့ သွားရန် ဓာတ်လှေကားထဲသို့ အမြန် ​ပြေးဝင်ပြီး မြေအောက်ထပ် ကားပါကင် ဆီသို့ ရောက်သော ခလုတ်အား သူ နှိပ်လိုက်၏ ။

မြေ​အောက်ထပ်သို့ ရောက်သည်နှင့် Mercedes-AMG G63 အမဲရောင် ကားပေါ်သို့ ​ဂျောင်ဂု လော၍ ​ပြေးတက်လိုက်၏ ။ ထိုချိန်တွင် မိမိ စိတ်​လော​နေမှု​ကြောင့် ဓာတ်လှေကား တူတူစီးရန် ခေါ်ရန် မေ့ကာ ကျန်ခဲ့သည် ဟိုနှစ်ကောင်မှ အရေးပေါ်လှေကားမှ ပြေးဆင်းလာသည်အား တွေ့လိုက်ရ၏ ။ ကားပေါ်သို့ ဟောဟဲလိုက်ကာ အလျင်အမြန် ပြေးတက်ကြသည့် ထိုနှစ်​ကောင်ဆီမှ ဆဲသံများကိုလည်း သူ​ကား​မောင်းသည့် ​တောက်​လျှောက်လုံး တသီးတစ်တန်း ကြား​နေ ရ​ပါ​တော့၏ ။

တကယ်က သူ့ဆီ ဖုန်းဆက်သည့် အမျိုးသမီးမှာ ဦးလေးလီ အိမ်တော်က သန့်ရှင်းရေမလေး နွန်ပင် ဖြစ်​၏ ။ လီအွန်းချယ်၏ ​ဖေဖေ လီဂုံးယူ နှင့် သူ၏ ​ဖေဖေ ဂျွန်ဂျယ်ဂျင်းသည် ငယ်စဉ် ခါကတည်းက ​ပခုံးဖက် ​ပေါင်းလာ​သော သူငယ်ချင်း ဆက်ဆံ​ရေးမျိုး ဖြစ်​လေသည် ။ ထို့​ကြောင့် သူ လူမှန်း သိတတ် စကတည်းက ထိုက​လေးမနှင့် မရင်းနှီးချင်လည်း မရ​သော ဆက်ဆံ​ရေးမျိုး ဖြစ်လာခြင်း ဖြစ်သည် ။

ဆိုးချင်တိုင်း ဆိုး၍ ပြဿနာ​ပေါင်းစုံ ရှာ​နေ​သော ထို​ကောင်မ​လေးက​တော့ သူ့အား မှတ်မိမည် မထင် ။

ထိုချိန်တုန်းက သူမ​လေးက ပါးဖောင်းဖောင်း​လေးနှင့် ငါးနှစ် အရွယ် ကလေးသာသာ အရွယ်လေးသာ ရှိသေးသည် ။

လီဂုံးယူ နှင့် သူ၏ ဇနီး ကင်ဟယ်နာမှ စောင့်ရှောက်ပေးဖို့ အကူအညီ ​တောင်းကာ ​ပြောဆိုထားသောကြောင့် သူမ မသိအောင် သူ ဆိုးလ်မြို့တွင် ကျောင်းတက်နေသည့် တစ်လျှောက်လုံး နောက်ကွယ်ကနေ စောင့်ကြည့် ​နေမိ၏ ။ ထိုကိစ္စကို​တော့ မိဘအား ဆိုးချင်သလို ဆိုးပြီး ပုန်ကန်​​နေတတ်သည့် တစ်ဆယ့်ရှစ်နှစ် အရွယ် လီအွန်းချယ်မှာ​ ရိပ်မိ​မည် မထင်ပေ ။

♧︎𝐋𝐎𝐕𝐄 ᵃˢ ᵗʰᵉ 𝐔𝐍𝐈𝐕𝐄𝐑𝐒𝐄♧︎︎︎Where stories live. Discover now