4

39.7K 138 7
                                    

သီချင်းသံတွေကြားထဲ ကကွက်မျိုးစုံကနေကြတဲ့ လူအုပ်ကြီးကို ကြည့်ရင်း မေ အရက်ကို စိမ်ပြေနပြေ သောက်နေလိုက်တယ်။  '' Fling '' ဆိုတဲ့ ကလပ်တစ်ခုမှာ မေစိတ်ညစ်ညစ်နဲ့ အရက်သောက်နေတာပါ။ ကလပ်ကို လာရင် စိတ်ညစ်ပြေမယ်ထင်ပေမယ့် ခုလို လူရှုပ်နေတော့ စိတ်က ပိုရှုပ်သွားတယ်။

ဟူး....

ဖန်ခွက်ထဲကို  အရက်ငှဲ့လိုက် ပြီး တစ်ကျိုက်တည်းမော့လိုက်တယ်။ ရင်ထဲမှာ ပူသွားပေမယ့် ကိုကို့ ကြောင့်ရတဲ့ ဒဏ်ရာလောက် ပူလောင်ပါ့မလား။

ကိုကိုက မေ့ရဲ့  နှစ်နှစ်ကျော်နီးပါး တွဲခဲ့တဲ့ ချစ်သူ။ sex လည်း အကြိမ်ကြိမ် ဖြစ်ပြီးလို့ လက်ထပ်ဖို့ထိတောင် ရည်ရွယ်ထားတာ။ ဒါပေမယ့် ခုတော့ မေ့ကို ခါးခါးသီးသီး တွန်းထုတ်တယ်လေ။

"အဟင့်..''

တွေးရင်း မျက်ရည်က ကျလာပြီး ရှိုက်လိုက်တယ်။ မေ ထိုင်ရာက ထလိုက်တော့ အရက်အရှိန်ကြောင့် ဘေးကို ယိုင်သွားတယ်။

"အမလေး...''

ဒါပေမယ့် ဘေးက ကောင်လေးတစ်ယောက်က ထိန်းပေးထားတော့ လဲကျမသွား။ မေလည်း မူးမူးနဲ့ ကျေးဇူးတင်စကားပြောလိုက်တယ်။

"ကျေး.ကျေးဇူးပါ... ''

ပြောရင်းခါးကိုင်းလိုက်ကာ ခေါင်းက ပြန်အမော့ သူ့မျက်နှာဆိိီကို ကြည့်မိသွားတယ်။

"ဟင်...ကိုကို..''
မေ အရက်အရှိန်ကြောင့်လား မသဲကွဲတော့ဘဲ ကိုကို့မျက်နှာပဲ မြင်ယောင်နေတယ်။ မေငိုပြီး သူ့ကို ဖက်လိုက်ကာ

"ကိုကို..အဟင့်..မေ့ကို ဘာလို့ ဒီလိုလုပ်ရက်တာလဲ။ ''

ထိုအခါ ထိုသူက

" ဟို...လူမှားနေတယ် ထင်တယ်နော်။ ညီမ...''

မေလည်း မူးပြီး ဘာမှမသိတော့ဘဲ မေ့ကျသွားတယ်။

"ကျစ်''

ပျော်ချင်လို့ ကလပ်လာပါတယ်ဆိုမှ ဒုက္ခအိုးနဲ့ လာတွေ့နေတယ်။ သူရ ထိုကောင်မလေးကို ပွေ့ချီပြီး သူမှာထားတဲ့ အခန်းထဲ သွားပို့လိုက်တယ်။

ကုတင်ပေါ်မှာ သူမကို ချပေးလိုက်တော့ သူမက နိုးလာပြီး သူ့ကော်လံစကို ဆွဲထားတယ်။ မျက်လုံးကတော့ မပွင့်တပွင့်နဲ့။

My darkside🖤Where stories live. Discover now