8

29.6K 166 17
                                    

မေ့ခန္ဓာကိုယ်မှာ ချွေးတွေအတိစိုနေပြီး တစ်ကိုယ်လုံး ကိုသိမ်းကြုံးအဖက်ခံထားရသောကြောင့် ပူစပ်စပ်ဖြစ်နေသည်။ မေ့ခန္ဓာကိုယ်တွင် အဝတ်မရှိ ။ ဘေးကိုကြည့်လိုက်တော့ သူက အကျီချွတ်ထားကာ မေ့ကို အားရပါးရ ဖက်ထားသည်။

မေထရန်ပြင်လိုက်တော့

"အာ့..''

မေ့ပေါင်ကြားကထိုနေရာက အသည်းခိုက်အောင် နာကျင်လှသဖြင့် နှုတ်ခမ်းအား ဖိကိုက်ကာ မျက်ရည်များ စီးကျလာရသည်။ အထဲတစ်ခုလုံးက စပ်ကာ နာကျင်ပြီး ပေါင်နှစ်ချောင်းကလည်း မလှုပ်နိုင်။ တင်ပါးကလည်း အချိုးရာတွေဖြင့် စပ်လှသည်။

မေလုံးဝထလို့တော့မဖြစ်ပေ။ ထလျှင် နာကျင်လွန်းလို့  အော်ငိုမိမည်။ မေလှုပ်ရှားတော့ သူက နိုးလာပြီး

" နိုးပြီလား နှင်းဆီလေး။ ''
ဘယ်သူမှမခေါ်ဖူးသော မေ့နာမည်နောက် ဆုံး နှစ်လုံးကို သူကခေါ်လိုက်တော့ သူ့အား မျက်စောင်းဖြင့်ကြည့်ကာ

"ရှင်ဖယ်...ခုဘယ်ရောက်နေတာလဲ။ ''

မေဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကျယ်ဝန်းပြီး သန့်ပြန့်နေသော အိပ်ခန်းထဲရောက်နေသည်။ အခန်းက မီးခိုးရောင် မှိန်ပျပျဖြစ်ကာ ပရိဘောဂများကလည်း မှိန်ပျပျအရောင်များသာ ဖြစ်လေသည်။

သူက မေ့အား ဖက်လျက်နှင့်ပင်

"ကိုယ့်အိမ်ကိုရောက်နေတာလေ။ နှင်းဆီက မောပြီးအိပ်ပျော်သွားလို့ ကိုယ့်အိမ်ပဲခေါ်ခဲ့လိုက်တာ။ ''

မေ့အားဖက်ထားသော သူ့လက်များအား ဖယ်လိုက်ကာ

" ကျွန်မကို အိမ်ပြန်ပို့ပေး။ ''

သူက ငါးခူပြုံးပြုံးကာ

" နှင်းဆီက ထတောင်ထနိုင်သေးလို့လား။ နေကောင်းမှ ပြန်လိုက်ပို့မယ်။ ''

မေနှုတ်ခမ်းအား ဖိကိုက်ကာ ထရန် အားပြင်လိုက်တော့

"အာ့''

ထိုနေရာမှ လွန်စွာ နာကျင်လာပြန် ပြီး မျက်ရည်ဝဲလာပြန်သည်။ သို့သော် အားတင်းကာ ထိုင်လိုက်ပြီး မေ့အဝတ်အစားများကို ရှာမိလေသည်။ အကျင့်မကောင်းသော ထိုကောင်က မေ့အား အဝတ်ပင် မဝတ်ထားပေးပေ။သူကလည်း ထထိုင်ကာ

My darkside🖤Where stories live. Discover now