အပိုင်း ၁

4 0 0
                                    

ဒါကဘယ်လဲ စောစောစီးစီး မေမေ့အသံ နှစ်ဝက်လုံး တခွန်းမှမပြောတဲ့ မေမေက နှစ်ဝက်စာမေးပွဲရလဒ်ကို ကြည့်ပီးပြောတော့သည်
မေမေ့သားက မရတာမဟုတ်ဘူး သေချာမဖြေတာပါလို့ပြောလဲမရ လုပ်ပိုင်ခွင့်တွေ အကုန် ရုတ်သိမ်းပစ်သည်ထိ မေ‌ေမစိတ်ဆိုးနေပါသည်

မေမေ့အနားကိုသွားပီး လက်ကိုဆွဲ ခေါင်းတစ်လုံးသာနေတဲ့ ကိုယ့်အရပ်ကိုမေ့ပီး မေ့မေ့ပခုံးပေါ်တင်ပီး 'မေမေလို့' ဆိုကာ ချွဲနေစဉ်...

ခွီး....
လှည့်ကြည့်လိုက်တော့ မင်းပုံစံ
ရီမနေနဲ့ မမြင်ဖူးတာလဲမဟုတ်ပဲနဲ့

အော် သားလေး လာလေ

ဟုတ်တီမေ
တီမေ့သား ဘာလိုချင်နေပြန်တာတုန်း

ဘာမလိုချင်ဘူး ကိုယ့်မေမေကို ချစ်လို့ ချွဲတာ
နော် မေမေရာ

'ဟုတ်တော့လည်း ဟုတ်ပါသည် လင်းဆက်က ရုပ်ကလေးချောသလောက် တည်ကြည်နေတာမျိုး မဟုတ်ပဲ ချစ်ဖို့ကောင်းသည်။ ချစ်ဖို့ကောင်းသည် ဆိုလို့ ပေါ့စစလဲမဟုတ် သူတည်ရင်လည်း တကယ်ကြောက်စရာကောင်းသည်။'~

သားလာတာနဲ့ အတော်ပဲ ထိုင်ဦး
မေမေ အကူညီတခုတောင်းစရာရှိလို့

ဗျာ မေမေက သားဆီက ????

တခြားတော့ မဟုတ်ပါဘူး မေ့သားလေးလေ အားကိုမရဘူး အဲ့တော့ သားလေးနှစ်ဝက်ကျန်တာ တီမေ့အိမ်မှာနေပီး စာအတူတူလုပ်ကြပါလားလို့

ဟင် မေမေ မရဘူးနော် သားမကြိုက်ဘူး

တိတ် မင်းကိုမေးသလား

'မျက်စောင်းကြီးထိုးနေတဲ့ရုပ်ကလဲ ချစ်စရာ'

ဟိုလေ သား...
သားက...

လုပ်ပါ သားရယ် တီမေ့ကို ကူညီပါ

ဘလိုမှ ငြင်းမရတဲ့အဆုံး အထုပ်တစ်ထုပ်နဲ့ သူ့အိမ်ပေါ် ရောက်လာရတော့သည်

လင်းဆက်က စာမရတာမှ မဟုပဲ ဘာလို့ ဒီလိုလုပ်လဲဆိုတဲ့ အကြောင်းပြချင်ကိုတော့ ကျွန်တော်လဲ တကယ်မသိပါ

လင်းဆက်နဲ့သူ့မေမေ ဘယ်လိုအပေးအယူနဲ့ အဆင်ပြေသွားလဲ ဆိုတာ သူ့အိမ်ထဲဝင်လိုက်တာနဲ့ သိလိုက်ပါပီ

မင်းရဲ့ နောက်ကွယ်Where stories live. Discover now