အပိုင်း ၂

4 0 0
                                    

နေ့စဉ် လုပ်နေကျအလုပ်ဆိုပေမဲ့လို့ ရိုးမသွားတဲ့ အလုပ်ဆိုတာလဲ ရှိသေးတာပါလား
ပြုံးပြုံးကြီးတွေးရင်း အိပ်ယာထလိုက်တော့တယ်

ကျောင်းမှာလည်း ကျွန်တော်တို့ သုံးယောက်က
တတွဲတွဲဆိုတော့ အဆင်ပြေတာပေါ့လေ

အချိန်တေ ကုန်လာလို့ စာမေးပွဲတောင် နီးနေပီ ကျွန်တော်လဲ သူ့နားနေရဖို့ ဘယ်လောက်မကျန်တော့ပါလား

ဒီနေ့တော့ ကျောင်းကပြန် အိမ်ခနပြန်တာမို့ ကျွန်တော် တစ်ယောက်တည်း နောက်ကျနေသည်
အိမ်ထဲပြေးဝင် အပေါ်ထက်က စာကြည့်ခန်းဆီ သွားရတော့သည်
တံခါးပေါက်ကနေ ချောင်းကြည့်တော့ နှစ်ယောက်သားစာမလုပ်ပဲ တိုးတိုး တိုးတိုး လုပ်နေကြတာမို့ ခိုးနားထောင်လိုက်မိတယ်

လက်ထဲက ကိုင်လာတဲ့ အိတ်ကိုသာ အကြောင်းမရှိ ဆုပ်ခြေလိုက်မိတော့တယ်
သူနှစ်ဝက်စာမေးပွဲ မဖြေသည့်အကြောင်းရင်း ကျွန်တော်သိပီထင်

ဟေ့ကောင် မင်းဟာက ဟုတ်ရဲ့လားဟာ

ဟာ တကယ်ပါဆို မင်းကပါ ငါ့ကိုမယုံတာလား

အာ့ဆို နှစ်ဝက်တုန်းကလည်း သူ့ကြောင့်ပေါ့ မင်းလည်းစောက်ရူးပဲ သူသာခုအဖြေမပေးပဲနေရင် ဒီတခါပါ မဖြေပဲနေမယ်ပေါ့ ဟုတ်လား

Noပါသားကြီးရာ ငါ့မေမေ သွေးတိုးသွားလိမ့်မယ်

‌ခွေးသားလေး ဒါတော့သိသားပဲ

အခါရာ လုပ်ပါကွာ ပုံစံ့ကို မင်းပါကူပြောပေးမှရမှာ မနက်ဖြန် Date ထားတယ်လို့ နော်

ဟင်းးး ပြောတော့ ပြောကြည့်မယ်ကွာ ရတာမရတာ ငါနဲ့မဆိုင်ဘူး

စာမလုပ်ပဲ လေပေါနေကြတယ်ပေါ့ ပြောစမ်းပါဦး ဘာအကြောင်းတေများပြော

ဒါက ဟို..ဟိုဟာ..

အော် ဒါနဲ့ မနက်ဖြန် ငါ့အိမ်မှာ အလုပ်တစ်ခုရှိလို့ ငါတို့တရက်တော့ နားရမယ်ထင်တယ်

စကားအဆုံး သူ့မျက်နှာ ထိန်းမရအောင်ကိုပျော်သွားတဲ့ ပုံလေး။ခုနက ကြားတဲ့စကားတွေအရ အဲ့ကောင်မလေးကြောင့် နှစ်ဝက်က ဒီလိုဖြစ်ခဲ့တာဆိုရင် သူ့ကိုပဲ ကျေးဇူးတင်ပါရစေ သူ့ကြောင့်ပဲ ဒီအိမ်မှာ သောင်တင်ဖို့ ဖြစ်လာခဲ့တာမလား

You've reached the end of published parts.

⏰ Last updated: Dec 01, 2021 ⏰

Add this story to your Library to get notified about new parts!

မင်းရဲ့ နောက်ကွယ်Where stories live. Discover now