အစည်းဝေးခန်းမထဲတွင်
ဝန်ထမ်းများအား'မင်းတို့ကို ငါမပြောထားဘူးလား ကျန်တဲ့ချိန်ဘယ်လိုနေနေ နေလို့ရတယ် အလုပ်ချိန်မှာအလုပ်က သတ်မှတ်ထားတဲ့ ၀တ်စုံကို ၀တ်ရမယ်ဆိုတာ မသိတာလား ဘာလည်း ငါမင်းတို့တွေလုပ်သမျှကိုမသိဘူးထင်နေတာလား အကုန်သိတယ်နော် ပြင်မလားဆိုပြီး စောင့်ကြည့်နေတာ အခုချိန်ထိပြင်မလာကြဘူး ပြင်တဲ့ချိန်တော့ရှိပါတယ် အလုပ်စ၀င် တုန်းကတော့Companyကပေးတဲ့ အင်္ကျီဝတ်ပါတယ် နောက်ကျတော့ ကိုယ်ကြိုက်ရာတွေဘဲဝတ်နေကြတယ် ငါရုံးခန်းထဲဝင်သွားပြီဆိုရင် ကြားရပြီ ဒေါက်ဖိနိပ်သံတခွပ်ခွပ်´ဟုမိန်းကလေးဝန်ထမ်းတွေဘက်ကို လှည့်ကာပြောလိုက်တယ်
ဝန်ထမ်းတွေလည်း ဘာမှ ပြန်မပြောနိုင်ကြတော့ (ပြန်ပြောရင်ဟိုက အလုပ်ထုပ်ပစ်မှာ)
'နောက်ပြီး စာရင်းကိုင်တွေ စာရင်းကိုသေချာစစ် ´
'ဟုတ် စစ်ပါတယ် ´ဟု စာရင်းစစ်လို့ထင်ရတဲ့ လူနှစ်ယောက်ကပြောလိုက်တယ်
'အေးအဲ့တာဆို ငါပြန်စစ်တိုင်းဘာလို့မှာနေကြတာလည်း ဘုန်း!´ဟုပြောရင်း စာရင်းတွေကို စားပွဲပေါ်ကို ပစ်ချလိုက်တယ်
'နောက်မဖြစ်စေရပါဘူး Boss´
'တော်စမ်း မင်းတို့Mallကဟာတွေသွားလို့ရပြီ ဆောက်လုပ်ရေးပိုင်းကဟာတွေနေခဲ့ ´ဟုရှောင်ကျန့်ပြောလိုက်တယ်
ဒီလိုနဲ့Mallက၀န်ထမ်းတွေထွက်သွားတော့ ဆောက်လုပ်ရေးပိုင်းကဟာတွေ ကတော့ရှိသမျှဘုရားအကုန် တ နေရှာတယ်
'ဆောက်လုပ်ရေးပိုင်းက တာဝန်ခံ ခနလောက်ထပါအုံး´ဟုရှောင်ကျန့်ကစစ်ဝေကို မတ်တပ်ရပ်ခိုင်းတယ်
စစ်ဝေလည်း ကြောက်ဒူးတုန်တုန်နဲ့မတ်တပ်ရပ်လိုက်တယ်'ခင်ဗျား ဆောက်လုပ်ရေးပိုင်းက တာဝန်တွေကိုခဗျားကိုလွဲထားတာနော် ´
'ဟုတ် ဟုတ်ပါတယ် boss´
'ဟုတ်ပြီ အဲ့တာဆို အဲ့ကအလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်နေချိန် ဉီးထုပ်ဆောင်းထားရမှာကို ဘာလို့မဆောင်းခိုင်းတာလည်း ခဗျားမဆောင်းခိုင်းတာလား´

YOU ARE READING
ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)
FanfictionSeme-XiaoZhan Uke-Wang Yibo