Lord of The Heart 🖤 Part.1

16.2K 527 10
                                    

Part.1

"ဟျောင် မင်းကို ငါ ဘာပြောထားလဲ

ငါ့ထက်အရင် ကျောင်းကို မသွားရဘူးလို့ ပြောထားတာ မင်း နားမပါတာလား

ကျောင်းသွားရင် ငါသွားပီးမှ သွားရမယ်ဆိုတာ မင်း နားမလည်ဘူးလား ကင်မ်ထယ်ဟျောင်း....."

"သခင်လေး ကျွန်တော် အမြဲတမ်း ကျောင်းကိုနောက်ကျနေတာမလို့ အဲ့တာကြောင့်
ဒီနေ့......."

" တော်တော့ မင်း ဘာဆင်ခြေမှမပေးနဲ့

မင်းက ငါ့စကားကို နားထောင်ရမှာ

ငါ့ကို ဘာစကားမှ ထပ်မပြောနဲ့ "

သခင်လေးရဲ့လက်သီးက သူရဲ့မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်

သခင်လေးရဲ့ အား ဘယ်လောက်ပါသလဲ
ဆိုတော့ ကင်မ်ထင်ဟျောင်းတစ်ယောက် လှဲကျသွားခဲ့သည်

" မင်း ငါ့ကိုအာခံနေတာလား 

မင်းက ငါရဲ့ကျွန် ငါက မင်းရဲ့သခင် 

အဲ့တာကို မင်း ဦးနှောက် ထဲ စွဲနေအောင် မှတ်ထား ...

နောက်တစ်ခါ မင်း အာခံရင် အဲ့ထက်ဆိုး မယ် ကင်မ်ထယ်ဟျောင်း

မင်းငါရှေ့ကထွက်သွားတော့

ငါ မင်းရဲ့ မျက်နှာမမြင်ချင်ဘူး "

သခင်လေးရဲ့စကားဆုံးသည်နှင့် ကျွန်တော်ဟာ သခင်လေးရဲ့မျက်စိရှေ့ကထွက်လာခဲ့သည်

ကျွန်တော်နာမည်က ကင်မ်ထယ်ဟျောင်းပါ   
ကျွန်တော်ကိုယ် ကျွန်တော်အရမ်းမုန်းပါတယ်

သူ့တစ်ပါးရဲ့နှိပ်စက်ခြင်းကို အမြဲခံနေရတဲ့ကျွန်တော့်ဘဝကိုမုန်းတယ်..

အခုကိစ္စကလည်း ကျောင်းကို ကျွန်တော်
အမြဲစောသွားလို့တဲ့

အမြဲတမ်း ကျွန်တော်က နောက်ကျမှ သွား
ရတာ

ကျောင်းကို အမြဲနောက်ကျတဲ့အကြောင်းအရင်းကတော့

သခင်လေးက သူ့ကျောင်းကို အရင်ရောက္မှ ကျွန်တော်ကိုအိမ်ကထွက်လာရမယ်တဲ့..

သခင်လေးဟာ ကျောင်းကို ၉နာရီမှသွားတယ်

ကျွန်တော်က အဲ့အချိန်မှ ကျောင်းကို သွား
ရတယ်

Lord of The Heart (Complete)Where stories live. Discover now