Lord of The Heart 🖤 Part. 7

3.3K 222 0
                                    

Lord of The Heart

Part.7

လက်ရှိအချိန်ကာလသို့....

ညီရယ် ကိုကို မင်းမရှိမှ မင်းရဲ့တန်ဖိုးကို
သိလာတယ် မင်းမရှိမှ မင်းကို လိုအပ်လာတယ် မင်းကြောင့်ပဲ ကိုကို သတ်သေဖို့အထိ ကြိုးစားခဲ့တယ်

ဒါပေမဲ့ ကိုကိုက သေကံမပါဘူးညီရယ် ခြေထောက်တေ လမ်းမလျှောက်နိုင်တာပဲ
ရှိတယ်..

ကိုကို့ တစ်နှစ်လောက်ကြာမှ လမ်းပြန်လျှောက်နိုင်ခဲ့တယ်

ညီသေတယ်ဆိုတာ ကိုကို မတွေ့ မမြင်လိုက်ရတဲ့အတွက် ကိုကိုမယုံဘူး ညီ....

မာမီနဲ့ဒယ်ဒီဟာညီ သေတယ် ပြောနေပေမဲ့ ကိုကို မယုံဘူး.. ကိုကိုနှလုံးသားက သိနေလို့

ညီ မသေဘူးဆိုတာ ကိုကို နှလုံးသားကယုံတယ် ညီ

××××××××××××××××××××××

ကျွန်တော်နာမည်က Kim Tae Hyung ပါ ဒါပေမဲ့ Kim Tae Hyung ဆိုတဲ့နာမည်ရော လူကော ပျောက်ကွယ်သွားသလို ကျွန်တော်နေချင်တယ်

Kim Tae Hyung ဆိုတာ လောကမှာ
မရှိတော့တဲ့ ပုံစံဖြစ်ချင်တယ်

အဲ့တာကြောင့် သူဟာ ဆေးရုံပေါ်မှာ ရောက်နေတဲ့ အစ်ကို Kim V နာမည်နဲ့သူနေဖို့
ဒယ်ဒီနဲ့အစ်ကို Namjoon ကိုပြောလိုက်တာ

အဲ့အချိန်တုန်းက အစ်ကိုနဲ့ဒယ်ဒီဟာ သူပြောတာကိုလက်ခံခဲ့တယ်..

ကျွန်တော့်ကိုယ်ကို့ ကို မိဘမဲ့လို့ ခံယူထား
ရာကနေ အဖေရော အစ်ကိုရော ရှိတဲ့အတွက် အရမ်းအံ့ဩခဲ့ရတယ်

လွန်ခဲ့တဲ့ ငါးနှစ်ခန့်က

ကျွန်တော်ကိုသခင်လေးပြောခဲ့တဲ့စကားတေကြောင့် လူက သေချင်စိတ်ကိုဖြစ်ပီးကားရှေ့ပြေးဝင်ခဲ့သည်....

ဒါပေမဲ့ ကားပေါ်က လူနှစ်ယောက်ဟာ
အရှိန်ထိန်းနိုင်ခဲ့ပီး သူ ဘာမှ မဖြစ်ခဲ့ပေ....

ငါးနှစ်ခန့်အချိန်ကာလသို့.....

"ညီ ....."

"သားငယ် ...."

လူသားနှစ်ဦးရဲ့အသံဟာ တစ်ပြိုင်တည်းပေါ်လာခဲ့သည်

"အစ်ကိုနဲ့အန်ကယ် ကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော် ကားရှေ့ကို မှားဝင်လာတာပါ"

Lord of The Heart (Complete)Where stories live. Discover now