Lord of The Heart 🖤 Part.2

6.1K 353 5
                                    

Lord of The Heart

Part.2

Kim Tae Hyung ဆိုတဲ့ ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုကိုပြပါဆိုရင်...

ကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုကိုပဲပြရမယ်ထင်ပါတယ်..

ကျွန်တော်ရဲ့ရည်မှန်းချက်က ဆရာဝန်
တစ်ယောက်ဖြစ်ချင်ခဲ့တာပါ..

ဒါပေမဲကျွန်တော့်လို သူ့တစ်ပါးအိမ်ကအခိုင်းအစေက ဘယ်လိုနည်းနဲ့ တက်လို့
ရမှာလဲဗျာ..

ကိုယ့်အလုပ်ကိုယ်လုပ်ပီး တက်ရင်တောင် တက်ခွင့်ပြုမယ်ထင်လို့လား..

ဟား ဟား

ကျွန်တော်ဘဝကိုကျွန်တော်စိတ်နာတယ် ကိုယ်ဖြစ်ချင်တာတေဖြစ်ခွင့်မရှိတဲ့ဘဝလို့အရမ်းစိတ်နာခဲ့တယ်

ဒီအိမ်ကိုစရောက်တဲ့နေ့ကတည်းက ကိုယ်ဖြစ်ချင်တာတေ ဖြစ်ခွင့်မရှိခဲ့ဘူးလေ....

ကျွန်တော်မြတ်နိုးတဲ့အရာမှန်သမျှကို
သခင်လေး ဖျက်ဆီးခဲ့တာကြီးပါပဲ

ကျွန်တော်အပေါ်ကောင်းခဲ့တဲ့လူတစ်ယောက်တော့ရှိပါတယ်

အဲ့လူက သခင်ကြီးလေ..

သခင်ကြီးက ကျွန်တော်စာမေးပွဲအောင်တိုင်း ကျွန်တော်လိုချင်တာတစ်ခုဝယ်ပေးတယ်..

ဒါပေမဲ့ သခင်ကြီးဝယ်ပေးတဲ့ပစ္စည်းမှန်သမျှကို သခင်လေးကိုယ်တိုင်ကျွန်တော်ရှေ့မှာ ဖျက်ဆီးခဲတယ်...

ပီးတော့ ငါ့အဖေဝယ်ပေးတဲ့ပစ္စည်းကို မင်းယူစရာမလို့ဘူးတဲ့

သခင်မကြီးနဲ့သခင်လေးဟာ မင်းသားနဲ့မင်းသမီးလုပ်ရင် အခုအချိန်ဆို အကယ်ဒမီတေအများကြီးရနေမှာဗျ....

ဘာဖြစ်လို့လဲ သိကြလားဟင်..

သူတို့သားမိက သခင်ကြီးရှေ့ဆို အရမ်းဟန်ဆောင်ကောင်းလွန်းတယ်

သခင်မကြီးက သားလေးက အရမ်းလိမ္မာတဲ့ကလေးတဲ့ ကျွန်မသူ့ကို သားအရင်းလို
ဂရုစိုက်ပါတယ်တဲ့

သခင်လေးကတော့ ညီကအရမ်းလိမ္မာတဲ့ကောင်လေးပါ ဒယ်ဒီတဲ့

သားရဲ့ညီလေးအရင်းလို သားဂရုစိုက်ပါ့မယ်တဲ့

Lord of The Heart (Complete)Where stories live. Discover now