2

813 122 40
                                    

Z&U

နန်းဂျွန် မျက်လုံးပွင့်ပွင့်ခြင်း ထထိုင်မိလိုက်လေသည်။ ဆော့ရင်း အိပ်ပျော်သွားသည်မို့ အခုမှဗိုက်က စာလာလေသည်။

ဒေါက်

"ကောင်လေးရေ မားဝင်လာမယ်နော်"

တံခါးကို ခပ်ဖြည်းဖြည်းခေါက်ပြီး ဝင်လာသည့်သူဋ္ဌေးမကြီးက သူ့ကိုသူ မားလို့သုံးနှုန်းလိုက်သဖြင့် နန်းဂျွန်ရင်ထဲနွေးခနဲရယ်။
တစ်ခါတည်း မှတ်သွားသည်က အခန်းထဲဝင်ရင် တံခါးခေါက်ရမည်ဆိုတာပင်။

"ထမင်းစားရအောင် တစ်နေ့လုံးကားပေါ်မှာ မုန့်မစားဘာမစားနဲ့ ဗိုက်ဆာရောပေါ့"

နန်းဂျွန်စိတ်ကို သိနေသည့် သူဋ္ဌေးမကြီးကြောင့် နန်းဂျွန်မျက်လုံးတွေက အရောင်ထွက်မတတ် ပြူးတူးတူးလေး ကြည့်နေမိသည်။ သူဋ္ဌေးမကြီးကတော့ အနာတွေပေါက်နေတဲ့ နန်းဂျွန်လက်ကို ခပ်ဖွဖွဆွဲယူပြီး ခပ်တိုးတိုးရေရွတ်သည်။

"ဒီနေ့တော့ ဇွန်းနဲ့စားပေါ့ ကောင်လေးရယ်" တဲ့။

နန်းဂျွန်သူဋ္ဌေးမကြီး ဆွဲခေါ်ရာကို တောက်ရှောက်လိုက်လာတော့ အောက်ထပ်ကို ရောက်လာလေသည်။ အထပ်ကနှစ်ထပ် ဖြစ်သော်ငြား ကြီးမားလွန်းတဲ့ အခန်းတွေကြောင့် နန်းဂျွန်မူးတော့မည်။

"နန်းဂျွန် သားကြီးလာထိုင်"

သူဋ္ဌေးကြီးက နန်းအား သားကြီးဟုခေါ်တာကြောင့် နန်းဂျွန်အံ့သြမှင်သက်သွားသော်ငြား ထမင်းစားခန်းက ပိုအံ့သြဖွယ်ကောင်းနေလေသည်။

ထမင်းစားခန်း လို့ထင်ရတဲ့ နေရာရောက်တော့ နန်းဂျွန်မှင်သက်သွားသည်။ မာသာကြီးတို့ ဆီမှာတော့ ခပ်ကျဉ်းကျဉ်း စာပွဲခုံလေးသာရှိသည်။ ယခုဒီမှာတော့ ကျယ်သည်မှာ နန်းဂျွန်ပင်တတ်အိပ်လို့ ရလေသည်။

"ကျွန်တော့်ကို သားကြီးလို့ ဘာလို့ခေါ်တာလည်းဟင် သူဋ္ဌေးကြီး"

နန်းဂျွန်ရဲ့ ခပ်တိုးတိုးအမေးအဆုံး သူဋ္ဌေးကြီးနဲ့သူဋ္ဌေးမကြီးက မျက်နှာ အပျက်ပျက် အယွင်းယွင်း။ နန်းဂျွန်က အမှားလုပ်မိသည် အထင်နဲ့ ငြိမ်ကုတ်နေလေသည်။

"သားကို Daddy တို့မွေးစားလိုက်ပြီ ဒါကြောင့် သားရဲ့မိသားစုက Daddy တို့ပဲသိလား သားမှာညီလေးတစ်ယောက်ရှိတယ် သားကအကြီးမို့ စောင့်ရှောက်ရမယ် သားညီလေးက သားထက် ၃ နှစ်လောက်ငယ်မယ် သားနားလည်လား"

NIGHTSHADE(Z&U)Where stories live. Discover now