26

869 68 18
                                    

Z&U

"ဂျောင်ကု နင်ဘယ်လိုကောင်မျိုးလဲ ဟမ်! အဲ့ဒီ့သူကငါ့သားကြီးဟဲ့ ငါ့သားကြီး နင်ဟာလေ ရက်စက်လိုက်တာ လွန်ပါရော"

ဂျောင်ကုထုံပေပေနေကာ မာမီ့ကိုလည်း မော့မကြည့်မိခဲ့ပါ။ ထူထူထဲထဲကပ်ထူပြား တစ်ခုကိုသာ ကျစ်နေအောင်ဆုပ်ကိုင်ထားမိသည်။ မာမီကတော့ အရူးလိုအော်ဟစ်လို့ရယ်။ သူကရော အရူးလိုလမ်းပျောက်နေဆဲ။ မာမီ့စကားတွေက ခေါင်းထဲကြီးစိုးနေသည်မဟုတ်ပါလား။

"သားကို ကိုကိုကချစ်တယ်မာမီ အဲ့ဒါမလုံလောက်ဖူးလား အဲ့ဒါမှားလား"

"နင်ကမှ မချစ်တာမှားတာပေါ့ အခုနင့်အဖေက သားကြီးကို အိမ်ထောင်စုစာရင်းထဲက ထုတ်တော့မှာ အဲ့လောက်ထိဆိုရင်တောင် အဆင်ပြေသေးတယ်လား ဟမ်!"

သားကကိုကို့ကို ပိုချစ်ရသူပါလို့ ဂျောင်ကုထပ်ကွန့်မနေတော့။
မာမီ့ရဲ့စကားကြမ်းကြမ်းတွေကိုလည်း ဂျောင်ကုနားမထောင်ချင်တော့ပေ။ သို့သော်ငြားလည်း မာမီကဆက်ပြောနေဆဲ။ သူ့ဆီက မရနိုင်သောဝန်ခံမှုကို ရအောင်ကြိုးစားနေဆဲပင်။

"သား ကိုကို့ကိုချစ်တယ် မာမီ ပြီးတော့ သားကိုကို့ကိုပဲ လက်ထပ်မှာ သားတို့လွန်ပြီးပြီ"

မာမီကလေလျော့ပူဖောင်းလို ခွေခေါက်ကာကြမ်းပြင်ပေါ် ဒရီးဒယိုင်ထိုင်ကျကာ ရှိုက်ကြီးတစ်ငင်ငင်ငိုသည်။ မိသားစုကို လိုအပ်နေသည့် ကိုကို့အတွက် စိတ်မကောင်းဖြစ်သည်မှာ သိသာ၏။ ကိုကိုကရော သေခြာပေါက် သူ့ကိုချစ်နေတာနဲ့ပဲ လုံလောက်ပါ့မလား။

"ငါကိုကမှားတာ အရင်ကတည်းက အရင်ကတည်းက ဟိုဆော့လေးနဲ့ မင်းအစ်ကိုကို လက်ဆက်ပေးခဲ့ရမှာ ငါကိုကတုံးအခဲ့တာ"

"မာမီ! သားကကိုကို့ကို တကယ်ချစ်တာမို့ ကိုကိုကလည်းသားကို တကယ်ချစ်တာမို့ မာမီပြောသလို မလိုအပ်ဖူးမာမီ သားနဲ့လက်ထပ်ပြီးရင် ကိုကိုကဒီအိမ်ရဲ့ မိသားစုဝင်ဖြစ်လာမှာပဲလေ"

ဂျောင်ကု မျက်ရည်တွေကိုသုတ်ခါရင်း မာမီကိုအပြေးထူသော်ငြား မာမီကခေါင်းခါသည်။ မာမီဘာတွေ စိတ်ပူနေပါသလော ဂျောင်ကုသိချင်၏။ သို့သော်ငြား လျှို့ဝှက်ချက်အချို့က မာမီ့မျက်လုံးထဲက ထွက်ကျမလာသေးပေ။

NIGHTSHADE(Z&U)Where stories live. Discover now