[Unicode]
December 7,
" အခုထပ်ပြီး တင်ဆက်ပေးမယ့်သတင်းကတော့ မနေ့ညက ဂွမ်ဂျင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုကိုပါ။ နစ်နာသူကတော့ အာဆောင်းလုပ်ငန်းစုရဲ့ ဥက္ကဌဟောင်းလို့သိရပါတယ်။ "
အာဆောင်းလုပ်ငန်းစုရဲ့ ဥက္ကဌဟောင်းဆိုသည့်အတွက် သူ့မျက်ခုံးတွေပင့်သွားရသည်။ အဲ့ဒီလူက ထပ်ပြီး ပြစ်မှုကျူးလွန်ပြန်ပြီပဲ။
" ဒီအမှုမှာ ပြည်သူတွေကြား အတော်ပင် ရေပန်းစားလျက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဂန်းဝမ်မြို့နယ်က လူသတ်မှုကြောင့်ပဲဖြစ်ပါတယ်။ ထိုလူသတ်မှုမှာ နစ်နာသူကတော့ ဆယ်ယန်းလုပ်ငန်းစုရဲ့ ဒုဥက္ကဌဖြစ်ပြီး လူသတ်မှုနှစ်ခုတွင် တူညီနေသည့်အချက်တို့မှာ တရားခံသည် လူသတ်လက်နက်အဖြစ် ဓားကိုအသုံးပြုခဲ့ပေမယ့် သေစေနိုင်သည့် အဓိကနေရာဖြစ်တဲ့ လည်ပင်းနှင့် လက်ကောက်ဝတ်နှစ်ဘက်ရှိသွေးကြောတွေကိုသာ ဖြတ်ထားခြင်းပဲဖြစ်ပါတယ်။ ဓားကိုသုံးခဲ့ပေမယ့် ဓားနဲ့တော့ မထိုးခဲ့ဘူးလို့တော့သိရပါတယ်။ ထို့ကြောင့် တရားခံဟာ အထူးလေ့ကျင့်ထားပြီးသား ကျွမ်းကျင်အဆင့်ကြေးစားလူသတ်သမားဖြစ်ပုံရတယ်လို့လည်း "
သတင်းကို ဆက်နားမထောင်ချင်တော့တာကြောင့် တီဗွီကို သူပိတ်ပစ်လိုက်သည်။ လူတွေက ပြစ်မှုကျူးလွန်သည့်လူကိုသာ အပြစ်ရှိတယ်လို့ထင်ကြတာ။ နောက်ကွယ်ကနေ ပြစ်မှုကျူးလွန်အောင် စေခိုင်းတဲ့လူတွေကိုကျတော့ မေ့နေတတ်ကြသည်။
ထမင်းစားခန်းထဲကို သူ ဝင်လာခဲ့တော့ ဟင်းသီးဟင်းရွက်တွေနှင့် အလုပ်ရှုတ်နေသည့်ကောင်လေးကို တွေ့လိုက်ရသည်။ ခြေသံလုံလုံနှင့် ကောင်လေးအနားသွားပြီး ခါးလေးကို တစ်ချက်တို့လိုက်သည့်အခါ လန့်သွားမယ်လို့ထင်ခဲ့ပေမယ့် ရုတ်တရက်ဆန်တဲ့အခြေအနေနှင့် ကောင်လေးက သူ့ဘက်ကို
လှည့်လာခဲ့ပြီး ဓားဖြင့် သူ့လည်ပင်းကို ထောက်ထား၏။ ကောင်လေး၏လှုပ်ရှားပုံတွေက သိပ်ကိုမြန်ဆန်လွန်းသည်။" ဦးလေးကြီး! ကျွန်တော့်ကိုလန့်အောင်လုပ်လိုက်တာပဲ "
ကောင်လေးမှာ သူ့လည်ပင်းပေါ်ထောက်ထားသည့်ဓားကို ပြန်ဖယ်သွားကာ အသီးအရွက်တွေဆက်လှီးနေခဲ့ပေမယ့် သူကတော့ ခုနကအခြေအနေကို အံ့ဩနေဆဲဖြစ်သည်။
![](https://img.wattpad.com/cover/293333579-288-k292740.jpg)
YOU ARE READING
Hello December [ Completed ]
Short StoryDecember was not as beautiful as we thought. But I believe you'll return like the white snow in December. ( 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 × 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 ) ✩ December special short story