SOUL

223 35 7
                                    



Unicode


မိုးတွေကသည်းသည်းမည်းမည်းရွာချနေ၏။
ချန်းယောလ် အပြင်ကို ငေးနေရင်းမှ လက်တွင်ကိုင်ထားသော ဆေးလိပ်ကို ပါးစပ်နားမှာတေ့ကာ ဟန်ပါပါရှိုက်ဖွာလိုက်၏။

မှန်ပြတင်းကနေ အပြင်ကိုကြည့်နေပေမယ့် သူ့မျက်လုံးထဲမှာ မိုးစက်တွေကို မမြင်နိုင်။ မှန်တွေပေါ်မှာ ထိုသူ့ပုံရိပ်တွေကိုသာ မြင်နေရ၏။
သူ့ရဲ့စိတ်အစဉ်ကို ထိုသူက အချိန်ပြည့်အပိုင်သိမ်းယူ၏။

မျက်လုံးကိုမှိတ်လိုက်ကာ သက်ပြင်းကို ခပ်ကြာကြာချမိ၏။ မျက်လုံးကိုမှိတ်ထားသော်လည်း မျက်လုံးထဲမှာ သူ့ပုံရိပ်တွေပဲနေရာယူပြန်သည်။

ရူးတော့မယ်။ သူရူးရတော့မယ်။
ထိုသူ့ကို ချစ်လွန်းလို့ရူးရပါတော့မယ်။

သူ့ကိုမြင်လိုက်တိုင်း အလိုမကျ တွန့်ချိုးသွားတတ်တဲ့ မျက်ဝန်းလေးတွေ။
ဒေါသဖြစ်သွားတိုင်းနီရဲသွားတတ်တဲ့မျက်နှာလေး ။
သူ့ကိုဆို ရက်ရက်စက်စက်စကားတွေပြောတတ်တဲ့ နှုတ်ခမ်းလေးတွေကို ချစ်လွန်းလို့ ရူးရပါတော့မည်။

"ချစ်လိုက်တာ Baekhyunရာ"













S O U LWhere stories live. Discover now