Part 1

168 30 6
                                    

Unicode



"ဘယ်အချိန်ပြန်လိုက်မှာလဲ ငါနဲ့"

ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်နေသော အဖေက ချန်းယောလ်ကိုမေးလာပါ၏။

"မသိသေးဘူး"

ချန်းယောလ်ရဲ့အမေးကိုထိုလူက ခေါင်းတဆတ်ဆတ်ငြိမ့်၏။ ထို့နောက် ထိုလူရဲ့မျက်ဝန်းတွေက စားပွဲပေါ်ရှိဆေးလိပ်တိုများထံရစ်ဝဲကုန်၏။

"မင်းအသက်ဘယ်နှနှစ်လဲ"

"အဖေက ကိုယ့်သားအသက်ကိုတောင်မသိဘူးလား"

"ကျစ် မေးတာဖြေ"

"၂၀"

"ငါမင်းလိုအရွယ်တုန်းက ဆေးလိပ်မသောက်သေးဘူး မင်းကငယ်ငယ်ရွယ်ရွယ်နဲ့အတတ်ကောင်းတွေတတ်နေတာ"

"မတူဘူးလေ"

"ဒါနဲ့ မင်းအဲ့ဒီကောင်လေးနောက်လိုက်နေတာ ဘယ်လောက်ကြာပြီလဲ အဆင်ပြေပြီလား"

အဖေ့ရဲ့မေးပုံက တကယ်ကိုစိတ်ဝင်တစားသိချင်နေဟန်။

"အေးဆေးပေါ့"

"ကျစ်"

အဖေက အားမရစွာနဲ့ပဲ ကျစ်ခနဲရေရွတ်၏။
တကယ်တမ်းတော့ ချန်းယောလ်ရဲ့အဖေက ချန်းယောလ်ကို ဘယ်သူ့ကိုမှ မချစ်ဖို့စည်းကမ်းချက်ထုတ်ထား၏။ တကယ်လို့ချစ်ခဲ့လျှင် ချန်းယောလ်ချစ်တဲ့သူကို အန္တရာယ်ပြုမည်။
သို့သော် ချန်းယောလ်ချစ်မိသွားတဲ့သူက ဘတ်ခွန်းနီးဖြစ်နေတဲ့အချိန်မှာတော့ အဖေက ချန်းယောလ်ကို ခွင့်ပြုပေးခဲ့ပါ၏။
ဒါဟာ Baekhyunကို သဘောကျ၍မဟုတ်။
Baekhyunရဲ့အဖေကို ချန်းယောလ်ရဲ့အဖေက မုန်းလွန်း၍ဖြစ်သည်။

ရန်သူရဲ့သားသမီးနဲ့ မိမိသားသမီးကို ဘယ်သူမှသဘောမတူနိုင်ပေမယ့် ချန်းယောလ်အဖေကတော့ ထူးထူးဆန်းဆန်းတွေသိပ်လုပ်တတ်၏။

"မြန်မြန်ရအောင်အဖြေတောင်း။ ငါသူ့အဖေကို မြန်မြန်သိစေချင်လိုက်တာ သူ့ရဲ့အချစ်ဆုံးသားငယ်လေးက ငါ့သားကိုချစ်နေတဲ့အဖြစ်မျိုး ။ ယောက်ျားချင်းကြိုက်နေတဲ့ အဖြစ်မျိုး ဟား ဟား "

ချန်းယောလ်ရဲ့အဖေက ဆိုဖာလက်ရန်းတွေကို လက်ဖြင့်ပုတ်ကာ အားပါးတရရယ်နေ၏။
ချန်းယောလ် မေးလိုက်ချင်သည်' သူလည်း အဖေ့ရန်သူရဲ့သားကို ချစ်မိတာပဲ ဒေါသမဖြစ်ဖူးလား ဟူ၍'။
သေချာတာကတော့  Baekhyunကချန်းယောလ်ကို သေချာပေါက်ပြန်ချစ်လာမည်ဟု အဖေကတွက်ဆထားပုံရသည်။

You've reached the end of published parts.

⏰ Last updated: Feb 28, 2024 ⏰

Add this story to your Library to get notified about new parts!

S O U LWhere stories live. Discover now