*****Part 1*****
Yeol....ဟိုမယ် ငါပြောတာ သူဘဲ
Sehun တစ်ယောက် Chanyeol လက် ညှိုး ထိုးပြတဲ့ ကျောင်း ဂိတ်ဝကနေ တစ်လှမ်းချင်း လျောက်လာတဲ့ ကောင်လေး ကို ကြည့်ပြီး ပြုံးလိုက်မိသည်...
အဝေးကနေ ကြည့်နေတာတောင် လှမ်းမြင်နေရတဲ့ မျက်မှန် ၀ိုင်းလေး အောက်က မျက်လုံး ပြူးပြူး ၀ိုင်းဝိုင်းလေးတွေ..သူတို့ နဲ့ ရွယ်တူ .သာ ပြောတယ် အရပ်လေးက ပုံမှန် မနိမ့် မမြင့်လေးနဲ့ ဆံပင်ကေ ကလည်း သူများတွေလို အလန်းဇယား ကေထောင်တွေ ဂျယ်တွေ လိမ်းထားတာမျိုး မဟုတ်ဘဲ အညို ရောင် ဖျော့ဖျော့ ဆံပင်အုပ်အုပ်အုပ်လေးတွေနဲ့..၀တ်ထားတာက အနက်ရောင် အင်္ကျီလက်ရှည်နဲ့ အနက်ရောင် ဘောင်းဘီ.. ခြုံငုံ ကြည့်လိုကိရင်တော့ ချစ်စရာကောင်းတဲ့ ကောင်လေး တစ်ယောက်လို့ မြင်မိလိုက်သည်
Yeol....ဘယ်လိုလဲ
Sehun...ဒီတစ်ခါ targetက သူလား ဟိုကောင် က လက်ခံပါ့မလား ပြီးတော့ ယောကျာင်္းလေး ဆိုတော့
Yeol...သူ လက်ခံမှာပါ ငါသိနေပါတယ်
Sehun...ဒါပေမယ့် ခုနက ကောင်လေး ကြည့်ရတာတော့ စာဂျပိုး ထင်တယ်
Yeol...ဟုတ်တယ် သူကျောင်းပြောင်း လာတာ ၃ရက်ရှိပြီ..သူ ပေါင်းနေတာက ဟို ဂျပု လေပေါတို့ အုပ်စုနဲ့..ဒါပေမယ့် သူက canteen ရောက်နေတာတောင် စာအုပ်ဖတ်နေတာနော်...
Sehun...ငါ သတိ မထား မိလိုက်ဘူး
Yeol...အပိုတွေပြောနေတယ် မင်း အတန်းတတ်လို့ လား
Sehun...မင်းက ရော တက်တာ ကျလို့
Yeol...ဘာဘဲ ဖြစ်ဖြစ် ငါက အတန်း မတက်ပေမယ့် canteen တော့ လာတယ်လေ
Sehun...အေးပါ ..ဒါနဲ့ အခုရော အတန်း တက်ဖို့ အစီ အစဉ်
Yeol...no...ဟိုကောင် ဆီသွားမယ်
Sehun...သူ ဘယ်မှာလဲ မေးကြည့်ဉီး လို့ ပြောပြီး လက်ထဲက ဖုန်းနဲ့ ဟိုကောင်လေးကို ချိန်ပြီး ဓာတ်ပုံ ရိုက်လိုက်သည်