Part 7
Kyungsoo အိပ်ရာပေါ် လှဲ အိပ်ပြီး မျက်စိမှိတ်လိုက်သည် ခနနေတော့ သူစိတ်ထဲမှာ ထင်လာတာက တစ်ယောက်ယောက်က သူ့ ကိုစိုက်ကြည့် နေ သလို သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို ကြည့်နေတဲ့ အရိပ်တစ်ခု ခေါင်းမှာ ဉီထုပ် ဆောင်းထားပြီးကြည့်နေတာ မှောင်မဲနေတော့ သူဘာမှ မမြင် ရ...
သူ ကြောက် လန့် အား တကြီးနဲ့
အားးးးးးဆိုပြီးအော်လိုက်တော့
အဲ့ လူက သူ့ကို နောက်ကနေ လက်တစ်ဖက်က ဖက်ပြီး လက်တစ်ဖက် က ပါးစပ်ကို အတင်း အုပ်လိုက်လေသည်...
Kyungsoo မှာတော့ လုံးဝ မထင်မှတ်ထားတဲ့ ရုတ်တရက် အပြု အမူကြောင့် လန့်တာရော ကြောက်တာရော ပေါင်းပြီး သူ့မျက်ဝန်းအိမ်ကနေ မျက်ရည်များ စီးကျလာလေသည် ရုန်းလည်း မရုန်းရဲ လှုပ်လည်း မလှုပ်ရဲဘဲ ဒူးတွေ လက်တွေတောင် တုန်နေ သလိုလို..
Jongin တစ်ယောက် Kyungsoo ပါးစပ်ကိုသူအော်မှာ စိုးလို့ ပိတ်ထား ရာကနေ သူ့လက် စိုစိစိ ဖြစ်လာတော့ သူ အသာလေး လက်ကို အပေါ်တိုး ကြည့်လိုက်တော့ Kiddo လေး ငိုနေပြီလေ....
ကြောက်တတ်လိုက်တာလည်း သူ့ အပြင် နှစ်ယောက် မရှိတာ ဘဲ
Jongin ဟက် ခနဲ့ တစ်ချက်ရယ်လိုက်တော့
သူ ပါးစပ် အုပ်ထား တဲ့ကြားကပင်
ခင်ဗျား ဘယ်သူလဲ ဘာ ဘာ လို ချင်လို့ လဲ လို့ ထစ်ထစ် အအ နဲ့ မေးတော့
သူ ဆက်ရယ်လိုက်ပြီး
မင်းကို လိုချင်လို့လေ လို့ ဖြေလိုက်တော့ ဘာသံမှ ထွက်မလာတော့
သူသိတာပေါ့ ဘာမှ မမြင် ရပေမယ့် kiddo လေးရဲ့ မျက်လုံးတွေ ၂ဆလောက် ပြူးနေမယ် ဆိုတာ......
Jongin....လန့်သွားလား မအော်ဘူးလို့ ကတိပေးရင် လွှတ်ပေမယ်
Kyungsoo...အင်း...
Jongin...promise
Kyungsoo....nae