သူ အသာ လေးပြန်ခွာလိုက်တော့သူ့ကို ကြောင်ပြီးရပ်ကြည့် နေတဲ့ Kyungsoo
သူ အသာလေး Kyungsoo ကို ဖက်လိုက်ပြီး
သူ့ နှုတ်ဖျားက သူ မသိ လိုက်ခင် ထွက်သွားတာက
Saranghee
********
သူ Saranghee လို့ လည်း ပြောလ်ုက်ရော Kyungsoo တစ်ယောက် နဂိုကမှ ရဲနေပါတယ်ဆိုတဲ့ Kyungsoo ရဲ့ ပါးဖောင်းဖောင်းလေးတွေက ပိုရဲလာသည်
ပြီးတော့ အလန့်တကြားနဲ့ လွယ်အိတ်ကို ကောက်ယူပြီး သူ့ကို ၀င်တိုက်ကာ ထွက်ပြေးသွားလေသည်
ဟောဗျာ သူ အဖြေ တောင် မတောင်းရသေးဘူး ဒီကောင်လေး ကတော့လေ
ဆိုပြီး သူရယ်လိုက်မိသည် သူ တကယ်ကို သဘောကျလို့ ရယ်လိုက်မိတာပါ...
********
Jongin သူ့ လွယ်အိတ်ကိုပြန်ယူပြီး ပြန်တော့မယ်လို့ Yeol တို့ ကို ပြောတော့
Yeol..ဟင် ဘာလို့ ပြန်မှာလဲ
Jongin...အဖြေ ရအောင်တောင်းမလို့လေ ဟု ဆိုကာ သူ မျက်စိ ပြန်မှိတ်ပြပြီး ထွက်ခဲ့သည်..ပြီးတော့ သူ့ပြိုင်ကား အဖြူ လေးကို မောင်းရင်း သူ ဉီးတည်နေတာက kiddo လေး အိမ်ကို...သူ့နှုတ်ခမ်းတွေကလည်း ပြုံးနေတယ်လေ
*******
Kyungsoo တစ်ယောက် မျက်နှာပူပူ နဲ့ ဘာတွေ လုပ်လို့ လုပ်မိမှန်း မသိဘဲ ကျောင်းရှေ့ မှာ ရရာ Taxi ကို အမြန် ငှားပြီး အိမ်ပြန်လာတာ တစ်လမ်း လုံးလည်း တောင်တွေး မြောက်တွေးနဲ့
Taxi Driver က သူ့ကို အိမ်ရှေ့ ရောက်ပြီ ဆိုပြီး ပြောမှ ဘဲ သူ သတိ ၀င်လာတာ....
သူ Driver ကို ပိုက်ဆံ မရှင်းဘဲ ခြံထဲပြေးဝင်တော့ Driver က ပိုက်ဆံ ဆိုပြီး လှမ်းတောင်းတော့ နဂို ကမှ ရှက်လို့ ရဲနေတဲ့ မျက်နှာလေးက ခုဆို ခရမ်းချဉ်သီး လေး တင်ထားသလို ပိုပြီး ရဲနေတယ်လေ
*******
သူ အိမ်ထဲ အမြန်ပြေးဝင်တော့