ဟိတ်...အကုလေး
ကြားလိုက်ရတဲ့အသံကြောင့် Jk စိတ်ရှုပ်သွားရသည်
ထိုအသံကတခြားမဟုတ် သူ့ကိုလိုက်ပိုးပမ်းနေသည့် စီနီယာအကိုကြီး Kim Seok Jin ပင်
သူကတက္ကသိုလ်ပထမနှစ် Jinကတတိယနှစ်"အကုလေး...လို့ ခေါ်နေတာကို"
"ဘာလဲဗျာ..."
Jk စိတ်မရှည်တဲ့လေသံနဲ့ထူးလိုက်မှ Jin ကပြုံးပြကာ
"ချစ်တယ်နော် အကုလေး"
ဒါပဲ...တစ်နေ့တစ်နေ့အနောက်ကနေလိုက်မယ် ချစ်တယ်လိုက်ပြောမယ် အဲ့တစ်ယောက်အလုပ်ကဒါပဲရှိတာလားမသိ
သူလည်း Jin ပြောတာကိုမကြားချင်ယောင်ဆောင်ပြီးထွက်သွားတော့ Jin ပြေးလာကာ သူ့အရှေ့ကိုပိတ်ရပ်ပြီး
"ချစ်တယ်လို့အကုလေးရေ...အဖြေပေးဦးလေကွာ"
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲဗျာ...ဖယ်...အတန်းနောက်ကျတော့မယ်"
"အင်းပါ...အင်းပါ...အကုလေးသဘော...ဖယ်ပေးလိုက်ပြီ"
"ကျတော်သဘောဆိုရင် အကုလေးလို့လည်းမခေါ်နဲ့ဗျာ ကျတော်မကြိုက်ဘူး"
"Jinကအကုလေးကို အကုလေးလို့မခေါ်လို့ဘယ်လိုခေါ်ရမလဲ Jinကောင်လေးလို့ခေါ်ရမှာလား"
"ကျတော့်နာမည် ဂျောင်ကုဗျ ဂျောင်ကုလို့ပဲခေါ်ပေါ့"
"မခေါ်ချင်ပါဘူး...အကုလေးလို့ပဲခေါ်ချင်တာ"
"တော်ပြီဗျာ ခင်ဗျားကိုမပြောတော့ဘူး သွားတော့မယ်"
"တာ့တာ အကုလေး စာကြိုးစားနော် ချစ်တယ်"
ပြောပြီး တာ့တာပြကာ နှုတ်ခမ်းလေးကို လက်နဲ့ထိကာ Fly kiss လေးပေးပြီး ထွက်သွားသော Jin ကိုကြည့်ပြီး ခေါင်းတစ်ခါခါလုပ်ကာ ထွက်လာခဲ့လိုက်သည်
အတန်းထဲရောက်တော့ သူငယ်ချင်းဖြစ်တဲ့ Eun Woo က"ဟေ့ကောင် ရုပ်ကအီးမှန်ထားတဲ့ရုပ်နဲ့ဘာဖြစ်နေတာလဲ"
"ဘာဖြစ်ရမလဲ ထုံးစံတိုင်းပေါ့"
"အာ...မင်းကလည်းကွာ...မင်းနဲ့ငါသာနေရာချင်းလဲလိုက်ချင်တယ်... စီနီယာလိုလူကိုများမင်းမို့မူနေတယ် ငါသာဆိုချက်ချင်းကို မဂ်လာဆောင်ပစ်မှာ"
YOU ARE READING
First & Last Love
Short Storyshort story of Jinkook for the birthday of our precious boy