Page (3)

300 14 0
                                    

I'll Be There 💕

Page (3)

ကားပေါ် ၌...

ဇက်ဒ် - ဟုတ်ကဲ့ အစ်မ... ကျွန်တော် သေချာ
ပေါက် ကလေးကို ဂရုစိုက်လိုက်ပ့မယ်
မရမက ပြောပေးပြီး လွှတ်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်... ဟုတ်

ဟု ပြောပြီး ဖုန်းချကာ စိတ်ထဲ၌ သူမလေးနဲ့ ထပ်တွေ့ရမှာ မို့လို့ အပျော်တွေ ဖြစ်ပေါ်နေတုန်း...

"တီ..."

လီယို - ဟယ်လို... ဘာ... အေးအေး... အခု ငါတို့ အမြန်လာခဲ့မယ်

ဟု လီယို ဆီမှ တုန်လှုပ် ထိတ်လန့်သွားတဲ့ စကားသံကြောင့်...

လီယို - သူဠေး ... မွေးနေ့ပါတီပွဲ ကျင်းပမဲ့ ဟော်တယ်မှာ ပေါက်ကွဲမူဖြစ်လို့တဲ့

ဟူသည့် ပြောအကြား...

ဇက်ဒ် - ဘာ...

ဟု တွေးနေတဲ့ အပျော်တွေ လွင့်စင်ကာ ဒေါသမျက်နှာထားသို့ ပြောင်းလဲသွားမိ၍ "တောက်"
ဟု ခပ်ပြင်းပြင်း တောက်တစ်ချက် ခေါက်မိလိုက်ကာ...

ဇက်ဒ် - ဘယ်လိုဖြစ်တာလဲ ? ပြောတော့ ပြဿနာ မရှိပါဘူးဆို

လီယို - ကျွန်တော်လည်း မသိဘူး သူဠေး ဘယ်လိုဖြစ်သွားလဲဆိုတာ ကျွန်တော် တောင်းပန်ပါတယ်

ဇက်ဒ် - ဟာ...ကွာ...

ဟု ဒေါသထွက်နေရင်း ...

ဇက်ဒ် - ကလေး

ဟု သူမလေးကို သွား စဉ်းစားမိလေရာ...

ဇက်ဒ် - ဟော်တယ် ရှိရာကို အမြန်မောင်းစမ်း

လီယို - ဟုတ်ကဲ့ပါ သူဠေး

ဟု လီယိုလည်း နကိုကတည်းက မြန်နေတဲ့ အရှိန်ကို ထပ်တင်လိုက်ပြီး ပေါက်ကွဲမူဖြစ်ရာ ဟော်တယ်သို့ ကားကို အမြန် မောင်းထွက်လိုက်လေသည်

သိပ်မကြာဘူး ​ဟော်တယ်ရှိရာကို ရောက်တော့ ဆေးရုံကားတွေ ရဲကားတွေ မီးသတ်ကားတွေနဲ့ ရှုပ်ယှက်တွေ ခက်နေပြီး ပေါက်ကွဲမူကိုတောင် ငြိမ်းသတ်ပြီး နေလေရာ...

ဇက်ဒ် - ကလေး

နေသန် - ဟျောင့်... ဇက်ဒ်

ဟု အသံကြောင့် သူလည်း လှည့်ကြည့်မိ၍...

[ Zwaygi ]{ Completed } I ' ll Be There 💕 ( ငါ မင်းအနားမှာ အမြဲတမ်း ရှိနေမယ်)Opowieści tętniące życiem. Odkryj je teraz