လပြည့်ဝန်း ပံ့သကူ (U & Z)

61 5 4
                                    

Unicode

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် အဖိုးဆုံးတာ(၁၃)နှစ်ပြည့်။ မနက်တည်းက အိမ်မှာ စတုဒီသာအဖြစ် မုန့်ဟင်းခါးအချိန်(၁၅၀)အတွက် ချက်ပြုတ်ပြီး ကျွေးမွေးနေကြသည်မှာ ညနေ(၃)နာရီလောက်မှ အပြီးပြတ်လေသည်။ ယောကျာ်းလေးတစ်ယောက်ဖြစ်သည့်အတွက် ဘာမျှသိပ်မကူရသော်လည်း လူများသောကြောင့် စိတ်ရှုပ်ရပါသည်။

လူတွေရှင်းသွား၍နားမည်ကြံကာ ကိုယ့်အခန်းထဲပြန်ဝင်လာပြီး Air-con လေးဖွင့် သီချင်းသံငြိမ့်ငြိမ့်လေးကိုဖွင့်လိုက်သည်။ သို့ပေမဲ့ ကုတင်ပေါ်တောင်မလှဲလိုက်ရ။

ဒုန်း.! ဒုန်း.!

"လပြည့်ဝန်း.!ခဏထွက်လာဦး"

တစ်နှစ်ပဲကြီးသော အစ်မတော် လမင်းမေ၏အသံစူးစူးကြောင့် စိတ်ရှုပ်စွာ ဖြင့် အခန်းတံခါးဖွင့်လိုက်တော့ အစ်မက အနွေးထည်အပါးလေးထပ်ဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ကိုင်ကာ အပြင်သွားမည့်ပုံဖြစ်နေသည်။

"လိုက်ပို့ပါဦး မောင်လေးရယ် နော်.!
ငါ့သူငယ်ချင်းတွေ ဒီည အိမ်လာပြီး ပွဲလုပ်မှာမို့လို့ ဝယ်စရာလေးတွေရှိလို့"

"နင့်ဘာသာသွားပါလား မမရာ"

"ငါအထုပ်တွေမနိုင်မှာစိုးလို့"

"အဲ့တာဆိုလဲ နင့်သူငယ်ချင်းတွေလာမှသွားပေါ့"

"သူတို့က နည်းနည်းနောက်ကျမှာမို့လို့ ငါ့ကိုစျေးကြိုဝယ်ထားခိုင်းတာ။ လိုက်ပို့ပါမောင်လေးရယ် ညကျနင့်အတွက် Special အသားကင်လုပ်ပေးမယ်လေ"

"အပိုတွေပြောမနေနဲ့ ခြံထဲမှာစောင့်နေ။ အနွေးထည် ဝတ်လိုက်ဦးမယ်"

(၁၈)နှစ်အရွယ် ယောကျာ်းလေးဖြစ်သော်ငြား နေပူထဲထွက်ရမည်ကိုမကြိုက်။ အသားနေလောင်မည်ကို ကြောက်ပါသည်။ အဖြူရောင်အပါးသားလက်ရှည်ကို ထပ်ကာ အနက်ရောင်ပုဆိုးကို သေချာပြန်ပြင်ဝတ်လိုက်သည်။ အနက်ရောင်ပုဆိုးရှည်ရှည်အောက်တွင် ဖြူသွယ်သည့်ခြေဖမိုးဖြူလေးတွေက လမ်းလျှောက်တိုင်း တစ်စွန်းတစ်စ ထွက်လာတတ်သည်။

My One Shot CollectionWhere stories live. Discover now