အပိုင်း ၂

89 23 1
                                    

Unicode

ဂွီ!

"ဟက်.. ဗိုက်ဆာပြီလား"

တိတ်ဆိတ်နေတဲ့တိုက်ခန်းထဲတွင် ယွင်ရှီးဗိုက်ထဲကအသံက သိသိသာသာပင်ထွက်ပေါ်သွားတာမို့ ဖြေရှင်းချက်ရှာမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်ရင်း အဖြူရောင်ခြေအိတ်တွေကို မြင်ရသည်အထိ ခေါင်းကိုညွှတ်ထားလိုက်သည်။

"ဗိုက်ဆာတာလည်း ရှက်စရာပဲလား"

"ဗျာ!"

"ကဲ ကြည့်! နားမလည်ပြန်ဘူးဘဲ"

ငုံ့ထားတဲ့ခေါင်းကို အလျင်စလိုမော့ကြည့်လိုက်တော့ ပြုံးယောင်ယောင်ဆိုလာသည်။ဒီတစ်ခါတော့ ယွင်ရှီးအိပ်ချင်မူးတူးဖြစ်တာမဟုတ်။အကြာကြီး တကယ်ကိုအကြာကြီး...။ အပြုံးတွေက သူ့နှုတ်ခမ်းပါးမှာ စွဲထင်ကပ်ညှိနေတုန်းပင်။ဩရှတဲ့သူ့အသံနက်နက်ဟာလည်း စိတ်လက်မရှည်မှုတွေ မပါဝင်ဘဲ ကြည်လင်ချိုမြနေသည်။

"ဟင်းတော့မချက်တတ်ဘူး။ခေါက်ဆွဲထုပ်တော့ ရှိတယ်....ထင်တယ်။အဲ့တာပဲ စားမလား"

"နားမလည်တာမဟုတ်ဘူး!"

သူပြောတာနှင့်ဆန့်ကျင်စွာထွက်ပေါ်လာတဲ့ယွင်ရှီးရဲ့ဆောင့်အောင့်အောင့်စကားကြောင့် "ဟင်"ဟု လေညင်းသံလေးနှင့်မျက်လုံးဝင့်ပြီး ကြည့်လာသည်။ခဏနေမှ သူပြောတဲ့စကားကို ခွန်းတုံ့ပြန်တာမှန်း သဘောပေါက်သွားပြီး နှုတ်ခမ်းတွေတွန့်သွားကာ အဲဒီနောက် သွားတန်းညီညီလေးတွေပေါ်လာတဲ့အထိ ရယ်မောလေသည်။

ရုပ်ရှင်ထဲက အနှေးပြကွက်လို တဆင့်ချင်းစီချည်းကပ်လာတဲ့သူ့အပြုံးနွေးနွေးတေွကြောင့် ဆောင်းလယ်ကြီး၌ ခြေဖျားလက်ဖျားတွေပင် ချွေးစို့ချင်သွားရသည်။

ဒီညဘာတွေသာဖြစ်နေသလဲ ယွင်ရှီးနားမလည်တော့ပါ။

"ဟုတ်ပါပြီ။ဒီမှာထိုင်စောင့်မလား။နောက်ဘက်ကို လိုက်မလား"

မီးဖိုခန်းရှိရာဆီ မေးဆတ်ပြလာတော့ လိုက်သင့်၊မလိုက်သင့်ဝေခွဲရခက်ပြန်သည်။ဒီအချိန်က ခံစားချက်ကိုဦးစားပေးဖို့ နောက်ကျလွန်းနေပြီ။ပြီးတော့ ဝမ်ဝမ်ရဲ့မျက်နှာကလည်း စိတ်ထဲမှာ ထင်ရှားစွာပေါ်လာသည်။

မြှားနတ်မောင်မသိလိုက်တဲ့နှင်းရည်လိမ်းသပ်စမနက်ခင်းWhere stories live. Discover now