Unicode
ယွင်ရှီးနိုးလာတော့ နေအတော်မြင့်နေလေပြီ။အိပ်ချင်မပြေသေးတာမို့ မှုန်တေတေနှင့် မျက်နှာကြက်ကို စိုက်ကြည့်နေတုန်းမှာ ဝမ်ဝမ့်ကို သတိရသွားပြီး အိပ်နေရာက ဆတ်ခနဲထလိုက်သည်။ခုတင်ပေါ်ကဆင်းလိုက်ပြီးနောက်မှာ ဧည့်ခန်းထဲသို့ ထွက်လာလိုက်သည်။
သူ့ကို မတွေ့ရ။
ဝရန်တာ၊မီးဖိုခန်း၊ရေချိုးခန်း၊အိမ်သာမကျန်ရှာပေမဲ့ လုံးဝမတွေ့တာကြောင့် ဧည့်ခန်းဆီပြန်လာပြီး ညကစားပွဲပေါ်တင်ထားတဲ့ဖုန်းကို ယူဖွင့်ကြည့်လိုက်တော့ မနက်၈နာရီ၃၃မိနစ်ရှိနေလေပြီ။ဝမ်ဝမ့်ဆီဖုန်းခေါ်ကြည့်ပေမဲ့ ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေဆဲပင်။သူ့ဖုန်းကိုခေါ်ကြည့်လိုက်တော့ ဝင်သွားပေမဲ့ အိပ်ခန်းထဲက phone ringသံကြားရတာမို့ လျှောက်လာလိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ဖုန်းကို တွေ့ရသည်။ဖုန်းကိုထားခဲ့ပြီးဘယ်သွားတာပါလိမ့်။
လက်ထဲကဖုန်းကို ပိတ်လိုက်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ခုတင်ဆီအကြည့်ရောက်သွားသည်။
နေပါဦး။ညက ဧည့်ခန်းဆိုဖာပေါ်မှာ အိပ်နေတာပါ။ဘာလို့...
...
ကလစ်!
အိပ်ရာပေါ်က စောင်ပုံကို ခေါက်ပြီးချိန်မှာ အခန်းတံခါးဖွင့်သံကြားရတာမို့ အရှေ့ဘက်ကို အပြေးလေးလျှောက်လာမိသည်။ဝမ်ဝမ်ပါမလားလို့ မျှော်လင့်မိပေမဲ့ မှုန်တေတေအကြည့်တစ်စုံသာ လက်ခံရရှိသည်။
ယွင်ရှီးကို တစ်ချက်သာကြည့်ပြီး ဘေးကဖြတ်ကာ အိမ်အနောက်ဘက်ဆီ လျှောက်သွားသည်။တစ်ခုခုကိုသိချင်ပေမဲ့လို့ အစိုးမရထဖောက်တတ်တဲ့သူ့စိတ်ကြောင့် အနောက်ကနေ ငြိမ်ငြိမ်လေးလိုက်လာလိုက်သည်။
လက်ထဲမှာပါလာတဲ့ဘူးအသွယ်သွယ်ကို kitchen counterပေါ်တင်ပြီး ပန်းကန်တွေကိုထုတ်က လှယ်သည်။ဝိုင်းကူလုပ်ပေးချင်ပေမဲ့ အနားမကပ်နဲ့!ဆိုတဲ့ အငွေ့အသက်တွေရစ်သိုင်းနေတာမို့ လက်တစ်လှမ်းအကွာကပဲ အရိပ်အခြည်စောင့်ကြည့်နေရသည်။
“မျက်နှာသစ်ပြီးပြီလား”
ဟင်းပွဲတွေကို ပန်းကန်တွေထဲ လှယ်ထည့်ပြီးတာနဲ့ ယွင်ရှီးဘက်လှမ်းကာ ခပ်တင်းတင်းမေး၏။သူမေးမှပဲ ယွင်ရှီးလည်း ကိုယ့်ဘာသာကိုယ်ပြန်ကြည့်မိသည်။ညက သွားတိုက်ရင်း ညအိပ်ဝတ်စုံပြောင်းလဲထားတာမို့ ဖဲသားအထည်က ကိုယ်ပေါ်ကပ်နေသည်။ညကတော့ သိပ်မသိသာပေမဲ့ အခုတော့ သိပ်အမြင်မတင့်သလိုပင်။သတိဝင်သွားတာနှင့် ဗီရိုဘေးမှာထား,ထားတဲ့အိတ်ဆီ အပြေးချီတက်ရသည်။
YOU ARE READING
မြှားနတ်မောင်မသိလိုက်တဲ့နှင်းရည်လိမ်းသပ်စမနက်ခင်း
Fanfictionစိတ်ဖိစီးမှုတွေ သိပ်များခဲ့တဲ့၂၀၂၁ရဲ့နောက်ဆုံးနေ့မှာ Xingတို့တစ်တွေအတွက် နှစ်ကုန်လက်ဆောင်အဖြစ် ဒီmini storyလေးကို ပို့သလိုက်ပါတယ်။ Luo Yunxi & Chen Feiyu Feiyunxi fan fiction