(၂၀)

136 33 10
                                    

Unicode

စီစဥ်စရာရှိသည်တို့ စီစဥ်ပြီးစီးသည့်နောက် ကုန်းကျွင့်သည် လက်ထဲက ဖိုင်တွဲရှည်ကို အလျင်စလို ပိတ်ချပစ်လိုက်သည်။

အချိန်သည် နေ့လည်၃နာရီဝန်းကျင်ခန့်ရှိပြီ။ သူ၏ မျက်ခမ်းစပ်တို့မှာ စပ်ဖျင်းဖျင်းဖြစ်နေပြီး ၊ ဦးခေါင်းအခြေအနေမှာလဲ မသက်သာလှ။

ပြီးခဲ့သည့် တစ်ညတာ၌ သူသည် ကောင်းမွန်သောအိပ်စက်ခြင်းအား မရရှိခဲ့ပါချေ။ သို့သော်ငြား သာမန်ညများကဲ့သို့ လုံလောက်သည့် အိပ်စက်ချိန်နာရီကိုတော့ ရခဲ့သည်ဟု သူထင်မိသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် ယခုကဲ့သို့ ပင်ပန်းနုံးချိနေစရာအကြောင်းမရှိ။

ဘေးဘက်နားတွင်ရှိနေသည့် ကော်ဖီခွက်ငယ်၏အတွင်းတွင်မူ ကော်ဖီခါးခါးတို့သည် တစ်စက်တစ်ပေါက်မျှပင် မကျန်တော့သည်အထိ ကုန်စင်နှင့်နေပြီဖြစ်သည်။

ကုန်းကျွင့်သည် နှစ်ခွက်မြောက်သည့် ကော်ဖီခွက်အား လွန်ခဲ့သည့် မိနစ်အနည်းငယ်လောက်ကတည်းက အပြီး
သတ်ပြီးခဲ့ပြီဖြစ်သော်ငြား ၊ ကဖိန်းဓာတ်ကလဲ သူအတွက် အကူအညီမဖြစ်ခဲ့ပြန်ပါချေ။

"ကျစ်"

သူသည် နဖူးပြင်ဆီ လက်ဖြင့်ဖိကိုင်လိုက်ရင်းဖြင့် စိတ်ရှုတ်ထွေးစွာ စုတ်သတ်လိုက်သည်။ ဘယ်ဘက်လက်ကောက်ဝတ်ရှိနာရီဆီ ကြည့်လိုက်မိတော့ အချိန်မှာ ၃နာရီ ၂၀မိနစ်အတိ။

နောက်မိနစ်အနည်းငယ်အတွင်းတွင် ကလေးငယ်၏ ကျောင်းဆင်းချိန်သို့ ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ရုံးမှ ယခုအချိန် ထွက်လျှင်တောင် လေ့ကျင့်ရေးကွင်းတွင် ကလေးငယ်အား မြင်ရရန် မဖြစ်နိုင်တော့ပါချေ။ သို့သော်ငြား ကလေးငယ်၏ အငွေ့အသက်တို့ ရှိနေသည့်နေရာတွင် ခေတ္တမျှ စိတ်ပြေလက်ပျောက်နေလိုက်လျှင်ပင် သူ၏ ငြီးငြူ​နေသည့်စိတ်အစုံသည် ပြန်လည်လန်းဆန်းလာနိုင်​ေပသည်။ ထို့ကြောင့် ကုန်းကျွင့်သည် လေ့ကျင့်ရေးကွင်းဆီ ထွက်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဒုတ်!

စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းကို ဆွဲယူလိုက်ပြီး ၊ မတ်တပ်ထရပ်ရန် ခြေထောက်ကို လှုပ်ရှားလိုက်ချိန်တွင် ဒူးခေါင်းသည် အလုပ်စားပွဲအောက်ရှိ တစ်စုံတစ်ခုအား အမှတ်မထင်တိုက်မိသွား၏။

Backpackထဲက အရုပ်ကလေးWhere stories live. Discover now